ယူနိုက်တက် သက်တမ်းတိုးမရတဲ့ လူငယ်ကွင်းလယ်ကို ချယ်ဆီးတို့ ခေါ်ဖို့ လှုပ်ရှား

ချယ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား လူငယ် အိန်ဂျယ် ဂိုမက်စ် ကို နွေမှာ ခေါ်ယူဖို့ လှုပ်ရှားမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

အသက် ၁၉ နှစ် အရွယ် ယူနိုက်တက် လူငယ်ကစားသမားက ရာသီကုန်မှာ စာချုပ် ကုန်ဆုံးမှာ ဖြစ်ပြီး ၎င်း အတွက် သက်တမ်းတိုး စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း လက်မခံဘဲ ပယ်ချထားပါတယ်။

ယူနိုက်တက်က ဂိုမက်စ်ကို တစ်ပတ် လုပ်ခ ပေါင် ၂၅၀၀၀ နဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့် ကစားသမားကတော့ အသင်းကြီးမှာ ပါဝင်ကစားခွင့် မရတဲ့အပေါ် အမျက်ထွက်နေတာကြောင့် လက်မခံဘူးလို့ သိရပါတယ်။ ဒီအခြေအနေကို ချယ်ဆီးက အခွင့်ကောင်းယူကာ ဂိုမက်စ်ကို ဝင်ရောက် ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဂိုမက်စ်က ဒီရာသီ ၆ ပွဲသာ ပါဝင်ကစားထားရချိန်မှာ ၎င်းနည်းတူ အကယ်ဒမီမှ လူငယ်တွေ ဖြစ်တဲ့ မေဆန်ဂရင်းဝုဒ်၊ တာဟစ်ချောင်နဲ့ ဘရန်ဒန် ဝီလီယံတို့က များစွာ ပိုကစားခွင့်ရနေခဲ့ပါတယ်။ ဂိုမက်စ်က ပင်ကိုယ်အရည်အချင်း ရှိ ကစားသမား ဖြစ်ပြီး အနာဂတ်မှာ တောက်ပလာမယ့် ကစားသမားလို့ တစ်ပေးခြင်းခံရသူပါ။ ၂၀၁၉ လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန် U19 အသင်းကို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ချယ်ဆီးအသင်းက ယူနိုက်တက် ကမ်းလှမ်းခဲ့တဲ့ သက်တမ်းတိုးစာချုပ်အတိုင်း ခံစားခွင့်တွေ ထည့်သွင်းကာ ပထမအသင်းကြီးမှာ ပါဝင်ကစားခွင့် အာမခံချက်တချို့ ထည့်သွင်းပြီး ဂိုမက်စ်ကို ကြိုးစားရန် ကြံရွယ်နေပါတယ်။ ချယ်ဆီးအသင်းဟာ လမ်းပတ် နည်းပြပြီးနောက် လူငယ်များကို နေရာပေး ကစားတဲ့ အသင်း အဖြစ် နာမည်ကောင်း ရှိနေပါတယ်။

ယူနိုက်တက်ဘက်ကတော့ ဂိုမက်စ်ကို လက်မလျှော့သေးဘဲ ပြီးခဲ့တဲ့ အပတ်က သက်တမ်းတိုးနိုင်ခဲ့တဲ့ တာဟစ်ချောင် နည်းတူ ဂိုမက်စ်လည်း သဘောထား ပြောင်းလဲလာအောင် စည်းရုံးနိုင်မယ် ယူဆထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ မန္ခ်က္စတာယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား လူငယ္ အိန္ဂ်ယ္ ဂိုမက္စ္ ကို ေႏြမွာ ေခၚယူဖို႔ လႈပ္ရွားမႈေတြ ျပဳလုပ္မယ္လို႔ သိရပါတယ္။

အသက္ ၁၉ နွစ္ အရြယ္ ယူနိုက္တက္ လူငယ္ကစားသမားက ရာသီကုန္မွာ စာခ်ဳပ္ ကုန္ဆံုးမွာ ျဖစ္ျပီး ၄င္း အတြက္ သက္တမ္းတိုး စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကိုလည္း လက္မခံဘဲ ပယ္ခ်ထားပါတယ္။

ယူနိုက္တက္က ဂိုမက္စ္ကို တစ္ပတ္ လုပ္ခ ေပါင္ ၂၅၀၀၀ နဲ႕ သက္တမ္းတိုးဖို႔ ကမ္းလွမ္းခဲ့တာ ျဖစ္ေပမယ့္ ကစားသမားကေတာ့ အသင္းၾကီးမွာ ပါ၀င္ကစားခြင့္ မရတဲ့အေပၚ အမ်က္ထြက္ေနတာေၾကာင့္ လက္မခံဘူးလို႔ သိရပါတယ္။ ဒီအေျခအေနကို ခ်ယ္ဆီးက အခြင့္ေကာင္းယူကာ ဂိုမက္စ္ကို ၀င္ေရာက္ ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။

ဂိုမက္စ္က ဒီရာသီ ၆ ပြဲသာ ပါ၀င္ကစားထားရခ်ိန္မွာ ၄င္းနည္းတူ အကယ္ဒမီမွ လူငယ္ေတြ ျဖစ္တဲ့ ေမဆန္ဂရင္း၀ုဒ္၊ တာဟစ္ေခ်ာင္နဲ႕ ဘရန္ဒန္ ၀ီလီယံတို႔က မ်ားစြာ ပိုကစားခြင့္ရေနခဲ့ပါတယ္။ ဂိုမက္စ္က ပင္ကိုယ္အရည္အခ်င္း ရွိ ကစားသမား ျဖစ္ျပီး အနာဂတ္မွာ ေတာက္ပလာမယ့္ ကစားသမားလို႔ တစ္ေပးျခင္းခံရသူပါ။ ၂၀၁၉ လူငယ္ကမၻာ့ဖလားျပိဳင္ပြဲမွာ အဂၤလန္ U19 အသင္းကို အသင္းေခါင္းေဆာင္ အျဖစ္ တာ၀န္ယူခဲ့သူလည္း ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းက ယူနိုက္တက္ ကမ္းလွမ္းခဲ့တဲ့ သက္တမ္းတိုးစာခ်ဳပ္အတိုင္း ခံစားခြင့္ေတြ ထည့္သြင္းကာ ပထမအသင္းၾကီးမွာ ပါ၀င္ကစားခြင့္ အာမခံခ်က္တခ်ိဳ႔ ထည့္သြင္းျပီး ဂိုမက္စ္ကို ၾကိဳးစားရန္ ၾကံရြယ္ေနပါတယ္။ ခ်ယ္ဆီးအသင္းဟာ လမ္းပတ္ နည္းျပျပီးေနာက္ လူငယ္မ်ားကို ေနရာေပး ကစားတဲ့ အသင္း အျဖစ္ နာမည္ေကာင္း ရွိေနပါတယ္။

ယူနိုက္တက္ဘက္ကေတာ့ ဂိုမက္စ္ကို လက္မေလွ်ာ့ေသးဘဲ ျပီးခဲ့တဲ့ အပတ္က သက္တမ္းတိုးနုိင္ခဲ့တဲ့ တာဟစ္ေခ်ာင္ နည္းတူ ဂိုမက္စ္လည္း သေဘာထား ေျပာင္းလဲလာေအာင္ စည္းရံုးနိုင္မယ္ ယူဆထားပါတယ္။