လန်ဒန်ပြိုင်ဘက်ကို အဝေးကွင်းမှာ ၃ဂိုးပြတ် အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာ တက်သွားတဲ့ ချယ်ဆီး

ဒီည လန်ဒန်ဒါဘီပွဲအဖြစ် ယှဉ်ပြိုင်ကြတဲ့ ဝက်စ်ဟမ်းနဲ့ ချယ်ဆီးပွဲကတော့ ဂျက်ဆန် (၂ ဂိုး)၊ ပါလ်မာ ၁ ဂိုးတို့ဖြင့် ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ပွဲကို ခပ်သွက်သွက် စနိုင်ခဲ့တဲ့ ခြင်္သေ့ပြာတို့ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ရဲ့ ဂိုး၂ဂိုးနဲ့ စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲအစ ၃ မိနစ်မှာပဲ အန်ဇိုက ပြစ်ဒဏ်ဘောကို အမြန်ပေးတာကို ဆန်ချိုရရှိခဲ့ပြီး ဂျက်ဆန်ကို ထိုးပေးခဲ့ရာကနေ သူ ဆွဲယူပြေးကာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ ချယ်လ်ဆီးတို့ ဝက်စ်ဟမ်းကို ဦးဆောင်ခဲ့တာပါ။ အဲဒီနောက် ၁၈ မိနစ်မှာလည်း ဂျက်ဆန်ကပဲ ထပ်သွင်းခဲ့ပြန်ပါတယ်။

ဒုတိယပိုင်း စစချင်း ကိုးလ်ပါလ်မာ သွင်းလိုက်တဲ့ဂိုးက အိမ်ရှင်ကို လုံးဝ ပြိုလဲသွားစေခဲ့ပြီး၊ ချယ်ဆီးတို့ ပွဲကို စိတ်ကြိုက် ခြယ်လှယ်နိုင်လိုက်ကာ၊ အဆုံးသတ်မှုတွေသာ ပိုသေချာရင် ဒီထက် ပိုပြီး ဂိုးပြတ်သွားခဲ့မှာ ဖြစ်ပါတယ်။

ပထမပိုင်းရော ဒုတိယပိုင်းပါ ကစားပုံ အားရစရာကောင်းတာကြောင့် ဒါဟာ ချယ်ဆီး အတွက် ဝုလ်ဗ်ကို ၂-၆ နဲ့ နိုင်ခဲ့တဲ့ ပွဲကထက် ပိုပြီး ပြီးပြည့်စုံမှု ရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ချယ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီးမှာ ရမှတ် ၁၀ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၂ နေရာထိ တက်လှမ်းသွားပြီပဲ ဖြစ်ပါတယ်။