
ချယ်ဆီးအသင်းဟာ လန်ဒန်မြို့ခံ ပြိုင်ဘက် တစ်သင်း ဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းနဲ့ ဒီအပတ် ပရီးမီးယားလိဂ်ပွဲ အဖြစ် တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ဝက်စ်ဟမ်း – ချယ်ဆီးတို့ ပွဲကတော့ ဒီနေ့ စနေနေ့ ညနေ ၆ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။
ပရီးမီးယားလိဂ်နဲ့ နယူးကာဆယ် ဂန္တဝင် အလန်ရှီးယားကတော့ က ဝက်စ်ဟမ်းနဲ့ ချယ်ဆီးအသင်းတို့ ပွဲစဉ် အတွက် သုံးသပ် ခန့်မှန်းချက် အခုလို ထုတ်ထားပါတယ်။
” စနေနေ့ အစောပိုင်း ပွဲကတော့ မှန်းရခက်တဲ့ ပွဲပါ။ နောက်ထပ် လန်ဒန် ဒါဘီပွဲ ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ် ဖူလ်ဟမ်နဲ့ လန်ဒန်ဒါဘီပွဲတုန်းက လိုပဲ၊ ကျွန်တော် အဲဒီတုန်းက သရေ မှန်းခဲ့သလို ဒီပွဲမှာလည်း သရေပဲ လို့ ခန့်မှန်းချင်ပါတယ်။
ချယ်ဆီးကတော့ ဘုန်းမောက်နဲ့ ပွဲမှာ သူတို့ ဂိုးသမား ကျေးဇူးကြောင့် နိုင်ပွဲကောင်း ရခဲ့တယ်။ အန်ကွန်ကူ အတွက်လည်း ကောင်းမွန်တဲ့ သီတင်းပတ် ဖြစ်ခဲ့တာပါ။ ” လို့ အလန် ရှီးယားက ခန့်မှန်းသုံးသပ်ထားတာ ဖြစ်ပါတယ်။