
ဒီတပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီးအသင်းဟာ လန်ဒန်မြို့ခံ ပြိုင်ဘက် တစ်သင်း ဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းနဲ့ တွေ့နေပြီး စနေနေ့ည အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။
ဂန်းနားဟောင်းကြီး ပေါမာဆန်က ဝက်စ်ဟမ်းနဲ့ ချယ်ဆီးအသင်းတို့ ပွဲစဉ်အတွက် ကြိုတင် သုံးသပ် ခန့်မှန်း ထားပြီ ဖြစ်ပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ချယ်ဆီးနဲ့ပတ်သက်ပြီး အပတ်တိုင်း ပြောစရာဆိုလို့ သူတို့ ဘယ်လိုရလဒ် ရမလဲ ကျနော် မသိဘူးဆိုတာပါပဲ။
အရင်အပတ်တုန်းက သူတို့ ဘုန်းမောက်ကို ၁-၀ နဲ့ အနိုင်ရပေမယ့် ပွဲရဲ့ အကောင်းဆုံး ကစားသမားက ဂိုးသမား ဆန်းချက်စ်ဖြစ်ခဲ့တယ် ထင်ပါတယ်။ ဒါက ချယ်ဆီးအတွက် တစ်ခုခုတော့ မှားနေပါပြီ။
ဝက်စ်ဟမ်းကို အဝေးကွင်း သွားကစားရမှာက ချယ်ဆီးအတွက် အရေးကြီးတဲ့ ဒါဘီပွဲဖြစ်ပါလိမ့်မယ်။ ချယ်ဆီးအတွက် ခက်ခဲတဲ့ပွဲဖြစ်လာမယ်လို့လည်း ကျနော် ခံစားမိနေတယ်။
ရာသီကုန်ရင် ချယ်ဆီးက ပိုပြီး ဇယားထိပ် ရောက်မှာဖြစ်ပေမယ့် လတ်တလောမှာ ဒီနှစ်သင်းကြား ခြားနားမှု သိပ်မရှိပါဘူး။
ဝက်စ်ဟမ်းကလည်း သူတို့ရဲ့ အကောင်းဆုံး ၁၁ ဦးကို အခုထိ မရသေးပါဘူး။ သူတို့လည်း ချယ်ဆီးနဲ့အလားတူပါပဲ။ ဒီပွဲမှာ ဝက်စ်ဟမ်းကို ရင်ဆိုင်ဖို့ ဆန်ချို ပါလာနိုင်ပြီး ပွဲကတော့ သရေကျသွားမှာပါ။
ပေါမာဆန် ခန့်မှန်းရလဒ်
ဝက်စ်ဟမ်း ၁-၁ ချယ်ဆီး။