ဘုန်းမောက်နဲ့ ချဲလ်ဆီးပွဲမှာ အဝါကတ် စံချိန်တင် ၁၄ ကတ် ထုတ်သုံးခဲ့တဲ့ ဒိုင်လူကြီး အန်တိုနီ တေလာ အရေးယူခံရ

ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့ချုပ် PGMOL ကတော့ ချဲလ်ဆီးက ဘုန်းမောက်ကို အနိုင်ရတဲ့ပွဲစဉ်မှ စွမ်းဆောင်ရည်ကြောင့် ဝေဖန်မှုများ ကြုံခဲ့ရတဲ့ ဒိုင်လူကြီး အန်တိုနီတေလာကို အရေးယူမှု ပြုလုပ်လာပါတယ်။

အသက် ၄၅ နှစ်ရှိ အန်တိုနီတေလာဟာ စနေနေ့တုန်းက Vitality Stadium ကွင်းတွင် ချဲလ်ဆီးက ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပရီးမီးယားလိဂ်တွင် အဝါကတ်အများဆုံးပြသတဲ့ပွဲအဖြစ် အဝါကတ် ၁၄ ကတ်အထိ ပြသခဲ့ပါတယ်။

ယင်းပွဲဟာ ၂၀၁၀ ခုနှစ် ဝုဗ်နှင့် နယူးကာဆယ်ပွဲ၊ ၂၀၁၆ ခုနှစ် ချဲလ်ဆီးနှင့်စပါးစ်ပွဲတို့ရဲံ အဝါကတ် ၁၂ ကတ် စံချိန်ကို ချိုးသွားခဲ့ပါတယ်။

ယင်းပွဲတွင် အန်တိုနီတေလာဟာ ချဲလ်ဆီး ကစားသမား ၈ ဦး၊ ဘုန်းမောက်ကစားသမား ၆ ဦးတို့အား အဝါကတ်ပြသခဲ့ပါတယ်။

ဘုန်းမောက်နှင့် ချဲလ်ဆီးတို့ဟာ အဝါကတ် ၁၄ ကတ်အထိ ပြသခြင်းခံခဲ့ရမှုနှင့်အတူ စည်းကမ်းချိုးဖောက်မှုအတွက် အက်ဖ်အေရဲ့ ပေါင် ၂၅၀၀၀ စီ ဒဏ်ရိုက်ခြင်း ခံခဲ့ရပါတယ်။

တဖက်တွင် ဒိုင်အဖွဲ့ဟာ အန်တိုနီတေလာအား လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ကွင်းလယ်ဒိုင်လူကြီးအဖြစ် တာဝန်မပေးဘဲ အရေးယူလိုက်ပါတယ်။

အန်တိုနီတေလာဟာ စနေနေ့ ဆောက်သတ်တန်နှင့် အစ္စဝှစ်ချ်ပွဲစဉ်မှာ စတုတ္ထဒိုင်လူကြီးအဖြစ်သာ တာဝန်ယူရပါမယ်။