ချဲလ်ဆီး အသင်းသား တစ်ဦး အပေါ် နည်းပြ မာရက်စ်ကာ ဆက်ဆံပုံက မျှတမှု မရှိဘူးလို့ ဂျွန်ဆင် ဝေဖန်

နည်းပြ အန်ဇို မာရက်စ်ကာက ချဲလ်ဆီး နောက်ခံကစားသမား ဘန် ချေးဝဲလ်ကို အခြားကစားသမားတွေနဲ့မတူဘဲ ခွဲခြားဆက်ဆံခဲ့တယ်လို့ ချဲလ်ဆီး နောက်ခံလူဟောင်း တစ်ဦးက ပြစ်တင်လိုက်ပါတယ်။

ဘန် ချေးဝဲလ်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကို အန်ဇို မာရက်စ်ကာ ရောက်ရှိလာပြီးနောက်ပိုင်း လူစာရင်းထဲမှာ နေရာပေးခြင်းမခံခဲ့ရတဲ့ ကစားသမားအများအပြားထဲက တစ်ဦးဖြစ်ပါတယ်။

ချဲလ်ဆီးနောက်ခံကစားသမားဟောင်း ဂလန်း ဂျွန်ဆင်က မာရက်စ်ကာရဲ့ ချေးဝဲလ်အပေါ် ဆက်ဆံပုံဟာ မျှတမှု မရှိဘူးလို့ ပြောဆိုခဲ့ပြီး ချေးဝဲလ်ဟာ ချဲလ်ဆီးအတွက် ပုံမှန်ပွဲထွက်ကစားပေးနိုင်ဖို့အတွက် လုံလောက်အောင် ကောင်းမွန်တာထက်တောင်ပိုတဲ့ကစားသမားလို့ ပြောကြားခဲ့ပါတယ်။

“ဘန်က ချဲလ်ဆီးအတွက် ကစားပေးဖို့ လုံလောက်အောင် ကောင်းမွန်တယ်ဆိုတာထက်တောင် ပိုပါတယ်။ နည်းပြသစ်ရောက်လာတဲ့အချိန်မှာ အရင်ကတည်းက ကြိုရထားတဲ့ သူတို့နဲ့ အတူတူတောင် အလုပ် မလုပ်ဖူးသေးတဲ့ ကစားသမားတွေရဲ့ အချက်အလက်တွေနဲ့အတူ ရူးမိုက်တဲ့ကိစ္စတွေ တစ်ခါတလေမှာ လုပ်လေ့ရှိတယ်ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်။

အဲဒီအတွက် မာရက်စ်ကာရဲ့ အပယ်ခံ လူစာရင်းက သက်သေဖြစ်ပြီး သူတို့တွေက သူ့ကို အထင်ကြီးအောင် လုပ်ပြဖို့ အခွင့်အရေးလေးတောင် မရခဲ့ကြပါဘူး။ အဲဒီတော့ ဒါက ဘန်ချေးဝဲလ်အပေါ်မှာ တရားမျှတတယ်လို့ ကျွန်တော် မထင်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာ ချဲလ်ဆီးနည်းပြက ချေးဝဲလ်နဲ့ စတားလင်းတို့ဟာ ပထမအသင်းနဲ့အဝေးမှာ လေ့ကျင့်ရေးပြုလုပ်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။

အီတလီလူမျိုးနည်းပြက ကစားသမား ၂ ဦးစလုံးကို ဒီရာသီမှာ ပုံမှန်ပွဲကစားချိန် ရရှိချင်တယ်ဆိုရင် အသင်းကနေ ထွက်ခွာဖို့ အတွက် တောင်းဆိုခဲ့တာဖြစ်ပြီး စတားလင်းက အာဆင်နယ်ကို တစ်ရာသီအငှားနဲ့ ပြောင်းသွားခဲ့ပေမယ့် ချေးဝဲလ်ကတော့ အပြောင်းအရွှေ့ မပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။