အိုနာနာအတွက် ပြိုင်ဘက်တွေ ရှိလာခြင်း၊ ဇီယက် ဆန္ဒ၊ ကိုရိုနာဂယက်နဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ကိုရိုနာ ဗိုင်းရပ်စ် အရေးကြောင့် ပရီးမီးယားလိဂ်အပါအဝင် အင်္ဂလန်က လိဂ်ပြိုင်ပွဲတွေကတော့ ပွဲစဉ်တွေကို ဧပြီ ၄ ရက်နေ့ထိ ရပ်နားဖို့ အတည်ပြု သတင်းထုတ်ပြန်သွားပြီ ဖြစ်ပါတယ်။

ချယ်ဆီး တိုက်စစ်သမား အိုဒွိုင်းက တွစ်တာမှ တဆင့် ၎င်း လက်ရှိ အခြေအနေကောင်းမွန်ကြောင်းနဲ့ ဗိုင်းရပ်စ် ကူးစက်မှုကနေ သက်သာလာနေပြီ ဖြစ်တယ်လို့ အသိပေး နှုတ်ဆက်စကား ဆိုခဲ့ပါတယ်။

နောက်တစ်ပတ် ကစားမယ့် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေကိုလည်း ရွှေ့ဆိုင်းထားကြောင်း ယူအီးအက်ဖ်အေက ကြေငြာခဲ့တာကြောင့် ချယ်ဆီးရဲ့ ဘိုင်ယန်နဲ့ ပွဲစဉ်လည်း ပယ်ဖျက်သွားပြီ ဖြစ်ပါတယ်။

အက်စတွန်ဗီလာ အသင်းဖော်နဲ့ ပြသနာဖြစ်ခဲ့တဲ့ ဒန်နီဒရင့်ဝါးတားက ဒဏ်ကြေး အဖြစ် ၎င်းရဲ့ နှစ်ပတ်စာ လုပ်ခလစာလည်း ဖြတ်တောက် ခံရဖို့ ရှိတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ သောကြာနေ့ အရေးပေါ် အစည်းအဝေးမှာ လက်ရှိ ဘောလုံးရာသီကို ပယ်ဖျက်ဖို့ လိုလားခဲ့တဲ့ ကလပ်အသင်း အနည်းငယ် ရှိခဲ့တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ချယ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ အေဂျက် ဂိုးသမား အိုနာနာကို စပါးအသင်းနဲ့ ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားလာတာကြောင့် အပြိုင် ကြိုးစားရဖို့ ရှိနေပါတယ်။

ချယ်ဆီး ခေါ်ယူထားပြီး ဖြစ်ကာ နွေမှာ လာရောက်ပူးပေါင်းမယ့် အေဂျက် ကွင်းလယ်ကစားသမား ဇီယက်ကလည်း အသင်းဖော် အိုနာနာကို ချယ်ဆီး အရ ခေါ်ယူစေလိုနေပါတယ်။

Zawgyi – ကိုရိုနာ ဗိုင္းရပ္စ္ အေရးေၾကာင့္ ပရီးမီးယားလိဂ္အပါအ၀င္ အဂၤလန္က လိဂ္ျပိဳင္ပြဲေတြကေတာ့ ပြဲစဥ္ေတြကို ဧျပီ ၄ ရက္ေန႔ထိ ရပ္နားဖို႔ အတည္ျပဳ သတင္းထုတ္ျပန္သြားျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီး တိုက္စစ္သမား အိုဒြိဳင္းက တြစ္တာမွ တဆင့္ ၄င္း လက္ရွိ အေျခအေနေကာင္းမြန္ေၾကာင္းနဲ႕ ဗိုင္းရပ္စ္ ကူးစက္မႈကေန သက္သာလာေနျပီ ျဖစ္တယ္လို႔ အသိေပး နႈတ္ဆက္စကား ဆိုခဲ့ပါတယ္။

ေနာက္တစ္ပတ္ ကစားမယ့္ ခ်န္ပီယံလိဂ္နဲ႕ ယူရိုပါလိဂ္ ပြဲစဥ္ေတြကိုလည္း ေရႊ႕ဆိုင္းထားေၾကာင္း ယူအီးအက္ဖ္ေအက ေၾကျငာခဲ့တာေၾကာင့္ ခ်ယ္ဆီးရဲ႕ ဘိုင္ယန္နဲ႕ ပြဲစဥ္လည္း ပယ္ဖ်က္သြားျပီ ျဖစ္ပါတယ္။

အက္စတြန္ဗီလာ အသင္းေဖာ္နဲ႕ ျပသနာျဖစ္ခဲ့တဲ့ ဒန္နီဒရင့္၀ါးတားက ဒဏ္ေၾကး အျဖစ္ ၄င္းရဲ႕ နွစ္ပတ္စာ လုပ္ခလစာလည္း ျဖတ္ေတာက္ ခံရဖို႔ ရွိတယ္လို႔ သိရပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ေသာၾကာေန႔ အေရးေပၚ အစည္းအေ၀းမွာ လက္ရွိ ေဘာလံုးရာသီကို ပယ္ဖ်က္ဖို႔ လိုလားခဲ့တဲ့ ကလပ္အသင္း အနည္းငယ္ ရွိခဲ့တယ္လို႔ သတင္းထြက္ေပၚေနပါတယ္။

ခ်ယ္ဆီးအသင္း ပစ္မွတ္ထားေနတဲ့ ေအဂ်က္ ဂိုးသမား အိုနာနာကို စပါးအသင္းနဲ႕ ဘာစီလိုနာတို႔ကလည္း စိတ္၀င္စားလာတာေၾကာင့္ အျပိဳင္ ၾကိဳးစားရဖို႔ ရွိေနပါတယ္။

ခ်ယ္ဆီး ေခၚယူထားျပီး ျဖစ္ကာ ေႏြမွာ လာေရာက္ပူးေပါင္းမယ့္ ေအဂ်က္ ကြင္းလယ္ကစားသမား ဇီယက္ကလည္း အသင္းေဖာ္ အိုနာနာကို ခ်ယ္ဆီး အရ ေခၚယူေစလိုေနပါတယ္။