
ပရီးမီးယားလိဂ် ဂန္တဝင် တစ်ဦး ဖြစ်တဲ့ နယူးကာဆယ် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယား က ဒီ စနေညမှာ ကန်မယ့် ဘုန်းမောက်နဲ့ ချယ်ဆီး အသင်းတို့ ပွဲစဉ် အတွက် ကြို တင် သုံးသပ်မှုတွေ ပြုလုပ်လိုက်ပါတယ်။
ချယ်ဆီးဟာ ဒီ စနေည ၁ နာရီခွဲ အချိန်မှာ ဘုန်းမောက်ကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
အလန်ရှီးယား က ” ချယ်ဆီးကို ကြည့်ပြီး ဘာတွေဖြစ်နေတာလဲ လို့ ကျွန်တော် စဉ်းစားမိတယ်။ တစ်ပွဲရလဒ်ကောင်းလိုက် နောက်တစ်ပွဲကျ ရလဒ်မကောင်းလိုက်ဖြစ်နေတယ်။
ဒီပွဲကို အနိုင်ရဖို့ ချယ်ဆီးမှာ လုံလောက်တဲ့ အရည်အချင်းနဲ့ ကစားသမားတွေ ရှိတာကို ကျနော်တို့ သိပါတယ်။
ဒါပေမယ့် ဒီပွဲက ခက်ခဲတဲ့ပွဲလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ဘုန်းမောက်တို့ အစကောင်းနေတယ်၊ ကစားပုံမကောင်းတောင် နိုင်ပွဲရှာနိုင်ခဲ့တယ်။
တစ်သင်းသင်း အနိုင်ဆိုရင်တော့ အဝေးကွင်း အသင်း (ချယ်ဆီး) ပဲ နိုင်သွားမယ် ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။