
ချဲလ်ဆီး အသင်းက ဒီနွေမှာ ဗစ်တာ ယော့ဂရက်ရှ် အတွက် ပေါင် ၇၃ သန်း နဲ့ ကမ်းလှမ်း ခဲ့ပေမယ့် စပို့တင်း ဘက်က ငြင်းဆန် ပယ်ချခဲ့ပါတယ်။
ယော့ဂရက်ရှ် က သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေးက ယူရို သန်း ၁၀၀ အထိ ရှိနေတာဟာ သူ့ကို ခေါ်ချင်တဲ့ အသင်းတွေကို တွန့်ဆုတ်စေတဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။
ယော့ဂရက်ရှ် ဟာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ပြောရာမှာ ” စပို့တင်း က အသင်း ရဲ့ အဓိက ပွဲထွက် ကစားသမားတွေကို အသင်းမှာပဲ ဆက်နေစေချင်ပါတယ် ၊ ဒါကြောင့်လည်း အသင်း မပြောင်းဖြစ်ခဲ့တာပေါ့ဗျာ။ ”
” စာချုပ်ဖျက်သိမ်းကြေး က များနေတာကြောင့် အဲ့လောက်တန်တဲ့ ကမ်းလှမ်းမှုတွေ ရောက်မလာတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လာမယ့် နွေမှာ ဘယ်လို ဖြစ်မလဲ တစ်ချက် စောင့်ကြည့်တာပေါ့ဗျာ။ ”
” စပို့တင်း ဘက်က ကျနော်က ဒီလောက် အထိ တန်ကြေး ရှိတယ်လို့ ယူဆတာကြောင့် အဲ့လောက် သတ်မှတ်ထားတာပါ၊ စပို့တင်း မှာ ကစားရတာကို ကျနော် တကယ် နှစ်သက်ပါတယ် ၊ တခြားလိဂ်မှာ ပိုမြင့်တဲ့ အဆင့်မှာ ကစားဖို့လည်း ကျနော့်မှာ ဘာဖိအားမှ မရှိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
ဒီရာသီမှာလည်း ဗစ်တာ ယော့ဂရက်ရှ်ဟာ သူ့ရဲ့ ဂိုးသွင်းပုံစံကောင်း ကို ဆက်လက် ထိန်းသိမ်း ထားနိုင်ပြီး ၄ ပွဲ ကစား ၊ ၇ ဂိုး သွင်း ထားနိုင်ပါတယ် ။