ဒီရာသီ ချဲလ်ဆီးမှာ အစွမ်းပြမယ် လို့ ကူကူရယ်လာ ယုံကြည် မျှော်လင့်ထားတဲ့ အသင်းဖော်

ချဲလ်ဆီး ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာ ဒီရာသီ အသင်းထံ တကျော့ပြန် ပြန်ရောက်ရှိလာတဲ့ တိုက်စစ်သမား ဂျာအိုဖိလစ် က ထပ်မံ တောက်ပ အစွမ်းပြလာဦးမယ်လို့ မျှော်လင့်နေပါတယ်။

အသက် ၂၄နှစ် အရွယ်ရှိ ပေါ်တူဂီ လက်ရွေးစင်ဟာ မနှစ်က ဇန်နဝါရီ ဈေးကွက်မှာ အက်သလက်တီကိုကနေ ချဲလ်ဆီးသို့ ၆လ အငှားနဲ့ ကစားခဲ့ဖူးပြီး ချဲလ်ဆီး ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုများစွာ ရရှိခဲ့ပါတယ်။

အခုအခါမှာတော့ ဖိလစ်ဟာ ချဲလ်ဆီးသို့ ယူရိုသန်း ၅၀ ဝန်းကျင်နဲ့ အပြီးသတ် ပြောင်းရွှေ့လာပြီ ဖြစ်ပါတယ်။

ဖိလစ် နဲ့ ပတ်သတ်ပြီး အသင်းဖော် ကူရယ်လာ က ” ဒီမှာ အငှား လာကစားခဲ့ဖူးတဲ့ လတွေမှာ သူ ကောင်းကောင်းမွန်မွန် စွမ်းဆောင်ပြခဲ့ပါတယ်။ အဲဒီတုန်းက အဖွင့်ပွဲမှာ သူ တိုက်ရိုက် အနီနဲ့ အထုတ်ခံခဲ့ရတာ ကံဆိုးခဲ့သေးတယ်။

အဲဒီနောက် သူ ကစားခွင့် အများကြီး ရခဲ့ပါတယ်။ ကျွန်တော်တို့ အတွက် အများကြီး ပံ့ပိုးပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နေရာလွတ်တွေ အများကြီး ရှိပါတယ်။ သူက နေရာစုံ ရွေ့လျား ကစားပေးနိုင်တာကြောင့် အသင်းမှာ ကျွန်တော်တို့ကို အများကြီး ကူညီနိုင်ဖို့ မျှော်လင့်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ်။

တဖက်မှာ နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်ထက် ချဲလ်ဆီးရဲ့ ရာသီသစ် အဖွင့် ၃ပွဲဟာ ပရိသတ်တွေ လိုချင်တဲ့ အနေအထားနဲ့ သိပ်ပြီး မကိုက်ညီနေခဲ့ပါဘူး။ လက်ရှိ ချန်ပီယံ မန်စီးတီးကို ရှုံးခဲ့တာက ဖြေသိမ့်လို့ ရပေမယ့် နိုင်ငံတကာ ပွဲကာလ မတိုင်ခင် ကစားခဲ့တဲ့ ပဲလေ့စ်နဲ့ ပွဲမှာ ၂မှတ် လျော့ခဲ့တာက စိတ်ပျက်စရာ ဖြစ်ပါတယ်။