
ချယ်ဆီး နည်းပြသစ် အန်ဇို မာရက်စ်ကာရဲ့ နည်းစနစ်မှာ သူက ကစားဖို့ အံမဝင်ဘူး ဆိုတဲ့ ယူဆချက်တွေ အပေါ် ချယ်ဆီး အကယ်ဒမီထွက်၊ အသင်းသားဟောင်း ကော်နာ ဂါလယ်ဂါက တုန့်ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။
ကော်နာ ဂါလယ်ဂါ ဟာ ဒီနွေမှာ အက်သလက်တီကို မက်ဒရစ်ထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး စတန်းဖို့ဘရစ်ချ်ကနေ မပြောင်းရွှေ့ချင်ခဲ့သူပါ။
ဒါပေမယ့် နည်းပြကိုယ်တိုင်က သူ့ပလန်တွေထဲမှာ မပါဘူး အတိအလင်း ထုတ်ဖော် ပြောဆိုပြီးနောက် ဂါလယ်ဂါ က အသင်းပြောင်းဖို့ ရွေးချယ်ခဲ့ပါတယ်။
သူ့ ကစားဟန်က မာရက်စ်ကာရဲ့ နည်းစနစ်မှာ အံမဝင်ဘူး ဆိုတာကို ၎င်းက ခုလို အပြတ် ငြင်းပယ်ခဲ့ပါတယ်။
‘ ကျွန်တော့ တဦးတည်းရဲ့ အမြင်အရ ဒါက မှန်ကန်မှု ရှိတယ်လို့ မထင်ပါဘူး။ ပြီးခဲ့တဲ့ ရာသီတုန်းက ကျွန်တော်ဟာ ဘောလုံးရာသီကောင်း တခု ပိုင်ဆိုင်ခဲ့ပြီး၊ မော်ရစ်စီယို ပိုချက်တီနိုဟာ ကျွန်တော့ကို ပွဲတိုင်း သုံးခဲ့ပြီး၊ ကျွန်တော် အပေါ်မှာ သူ ယုံကြည်မှု ပြသခဲ့တာကို ခင်ဗျားတို့လည်း မြင်တွေ့ခဲ့ရမှာပါ။
နောက်ပြီး ပရိသတ်တွေကလည်း ကျွန်တော့ရဲ့ ကွင်းတွင်း စွမ်းဆောင်ရည်အပေါ် နှစ်ခြိုက်မှု ရှိခဲ့ကြပါတယ်။ ဒီအရာအားလုံးအတွက် ကျွန်တော် သူတို့ကို အရမ်း ကျေးဇူးတင်ပါတယ်။
ချဲလ်ဆီးမှာ ကျွန်တော့ကို အကောင်းဆုံး ပုံစံ ပြသဖို့ အခွင့်အရေး ပေးခဲ့တဲ့ ပိုချက်တီနိုကိုလည်း ကျွန်တော် အရမ်း ကျေးဇူးတင်ပါတယ်။ ‘ လို့ ကော်နာ ဂါလယ်ဂါ က Daily Mail နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။