ပရီးမီးယားလိဂ် စျေးကွက် ပိတ်သွားပေမယ့် ချယ်ဆီးက ထွက်ဖွယ်ရှိနေဆဲ ကစားသမား ၅ ဦး

ဗြိတိန်မှာ ကစားသမားသစ် ခေါ်ယူမှုတွေကို ခွင့်မပြုတော့ပေမယ့်ပြည်ပစျေးကွက် အချို့မှာ ကစားသမား ရောင်းချမှုတွေ ၊ အငှားချမှုတွေကို လုပ်ဆောင်ခွင့် ရှိနေဆဲ ဖြစ်ပါတယ်။

ဈေးကွက် နောက်ဆုံးရက်မှာ ချဲလ်ဆီးဟာ ရာဟင်း စတာလင်ကို အာဆင်နယ်သို့ အငှားထုတ်နိုင်ခဲ့ပေမယ့် ၊ ဘန်ချေဝဲလ်ကိုတော့ ဘယ်အသင်းကမှ ခေါ်ယူမှု လာရောက် မချဉ်းကပ်ခဲ့ကြပါဘူး ။

ဘယ်နောက်ခံလူ အပြင် လူငယ် ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ ဒေးဗစ် ဒတ်ထရို ဖိုဖာနာ ၊ ဟာဗီဗေးလ် ၊ အဲလက်စ် မားတို့စ် ၊ ဒေးဗစ် ဝါရှင်တန်တို့ကို ထုတ်ရောင်းဖို့ ချယ်ဆီးဘက်က ကြိုးပမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။

ဗြိတိန် ဈေးကွက် ပိတ်သွားပြီးနောက် ချယ်ဆီးဟာ ဘရာဇီး ဆယ်ကျော်သက် တောင်ပံကစားသမား အိန်ဂျလို ဂါဘရီရယ်ကို ဆော်ဒီပရိုလိဂ် ကလပ် အယ်နာဆာသို့ ယူရို ၁၉သန်းနဲ့ ထုတ်ရောင်းနိုင်ခဲ့ပါတယ်။

ချယ်ဆီးအသင်းမှာ ခုချိန်ထိ ပိုလျှံနေသေးတဲ့ ကစားသမား တချို့ ကျန်ရှိနေသေးကာ ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်ကြရန်ဖြစ်ပါတယ်။