ချယ်ဆီးအသင်းရဲ့ ယူရိုပါ ကွန်ဖရန့်လိဂ် အုပ်စု အဆင့်အတွင် ကစားမယ့် တင်သွင်းတဲ့ လူစာရင်းမှာ ကိုး ပါလ်မာ နဲ့ အတူ လာဗီယာ၊ ဖိုဖာနာ တို့ မပါဝင်ခဲ့ကြောင်း သိရပါတယ်။
ဥရောပရဲ့ တတိယ အဆင့် ပြိုင်ပွဲကို ချယ်ဆီးက ခြေစစ်ပွဲ ကစားခဲ့ရသေးပြီး ပြီးခဲ့တဲ့ အပတ်က Servette နဲ့ ပွဲပြီးနောက် အုပ်စုအဆင့် ရောက်လာတာပါ။
အုပ်စုပွဲတွေအတွက် ချယ်ဆီး လူစာရင်းမှာတော့ အသင်းရဲ့ အားထားရတဲ့ အင်္ဂလန်သား ကိုး ပါလ်မာကို မထည့်ခဲ့သလို ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ ဖိုဖာနာနဲ့ လာဗီယာ ကိုပါ ဖယ်ရှားခဲ့ပါတယ်။
ကွန်ဖရင့်လိဂ် ပြိုင်ပွဲဝင်မယ့် ချယ်ဆီးအသင်း လူစာရင်း ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ဂိုး: Sanchez, Jorgensen, Bergstrom
နောက်တန်း : Disasi, Cucurella, Tosin, Badiashile, James, Gusto, Veiga, Colwill, Acheampong
ကွင်းလယ် : Fernandez, Madueke, Chukwuemeka, Nkunku, Sancho, Dewsbury-Hall, Caicedo, Casadei, George, Dyer
တိုက်စစ်: Neto, Mudryk, Felix, Jackson, Guiu
အုပ်စုကနေ ရှုံးထွက် အဆင့် တက်ရောက်သွားရင် ချယ်ဆီးဟာ ၂၀၂၅ ဖေဖော်ဝါရီလထဲမှာ လူစာရင်း တင်သွင်းနိုင်ဦးမှာ ဖြစ်ပြီး အပြောင်းအလဲ အများဆုံး ၃ ခု လုပ်ခွင့် ရှိနေပါတယ်။ ဒါကြောင့် ဒီ ၃ ဦးကို ချန်လှပ်ခဲ့တာ ယူဆရပါတယ်။