ထိပ်သီးတွေ အားလုံးကို ကျော်ဖြတ်ကာ ကမ္ဘာ့ တန်ကြေးအမြင့်ဆုံး လူစာရင်းပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီး

ကမ္ဘာ့ဈေးအကြီးဆုံး အသင်းလူစာရင်းကို ပိုင်ဆိုင်ထားတဲ့ ကလပ်အသင်း စာရင်းမှာ ချဲလ်ဆီးအသင်းက ဦးဆောင်နေပြီး မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး စတဲ့ အသင်းတွေက အစဉ်လိုက် ရပ်တည်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဖလား ရရှိခဲ့တဲ့ ရီးရဲလ်အသင်းကတော့ အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး အာဆင်နယ် စပါး စတဲ့ အသင်းလူစာရင်းတန်ဖိုးထက် များစွာ တန်ကြေး နိမ့်ပါးနေခဲ့ပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး အသင်းလူစာရင်းကို ပိုင်ဆိုင်ထားတဲ့ ကလပ်အသင်း စာရင်း

  • Chelsea – $1.4 billion
  • Manchester United – $1.15 billion
  • Manchester City – $1.12 billion
  • Arsenal – $884 million
  • Tottenham Hotspur – $872 million
  • Paris Saint-Germain – $855 million
  • Liverpool – $814 million
  • Real Madrid – $797 million
  • Newcastle – $756 million
  • Juventus – $693 million

အသင်းပိုင်ရှင်သစ် ဘိုးလေး လက်ထက် လူသစ်များစွာ ခေါ်ယူခဲ့တဲ့ ချဲလ်ဆီးအသင်းလူစာရင်း တန်ဖိုးဟာ ပေါင် ၁.၀၆ ဘီလီယံအထိ တန်ကြေးရှိနေပြီး မန်ယူအသင်းလူစာရင်း တန်ကြေးကတော့ ပေါင် ၈၇၄ သန်းအထိ တန်ကြေး ရှိနေပါတယ်။

အာဆင်နယ်၊ စပါး၊ ပီအက်စ်ဂျီ ၊ လီဗာပူးလ် တို့လည်း အစဉ်လိုက်ရပ်တည်နေပြီး ရီးရဲလ်အသင်းက ပေါင် ၆၀၆ သန်းနဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေကာ နယူးကာဆယ်ကလည်း အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။

ထပ်ဆုံး အသင်း ၂၀ စာရင်းထဲ နော့သင်ဟမ်ဖောရက်စ်လည်း ပါဝင်နေပြီး ဝုလ်ဗ်၊ ဘရိုက်တန်၊ ဗီလာ၊ ဝက်စ်ဟမ်း စတဲ့ အသင်းတွေလည်း အခြား ဉရောပ ထိပ်သီးအသင်းတွေထက် တန်ကြေး မြင့်မားနေကာ ဆော်ဒီကလပ် အယ်လ်ဟီလာ အသင်းကလည်း ဘာစီလိုနာအသင်းအထက် ရပ်တည်နေကြောင်း သိရှိရပါတယ်။