နှစ်ပွဲ ဆက်တိုက် ဟက်ထရစ်သွင်းတဲ့ အံ့ဖွယ် ဟာလန်း၊ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဇယားထိပ်တက်သွားတဲ့ မန်စီးတီး

မန်စီးတီးဟာ မနေ့ညက ဝက်စ်ဟမ်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရာမှာ ၃-၁ နဲ့ နိုင်ပွဲကောင်း ရခဲ့ပြန်ပါတယ်။ ဒီပွဲကလည်း နောက်ထပ် ဟာလန်း ဟက်ထရစ် ထပ်ရပြန်တဲ့ ပွဲ ဖြစ်ခဲ့ပါတယ်။

လက်ရှိမန်စီးတီးဟာ အကောင်းဆုံးအနေအထားမှာ မရှိသေးပါဘူး။ ဟာလန်းရဲ့ ဂိုးတွေက အလွန်ကြီးမားတဲ့ ခြားနားမှုကို ယူဆောင်ပေးနေတာ၊ အသင်းကို ထမ်းတင်ပေးနေတာ ဖြစ်ပါတယ်။

ဒီပွဲမှာဆိုရင် သုံးဂိုးစလုံးက ကိုယ်ရည်ကိုယ်သွေးမြင့်လှတယ်။ အရေးလည်း ပါတယ်။ အဆုံးသတ်ပုံက ကောင်းလွန်းပြီး နေရာယူပုံက ပြည့်စုံလွန်းလှတာ တွေ့ရပါတယ်။

ဒီယက်စ်ရဲ့မထင်မှတ်ထားတဲ့ Own Goal ကြောင့် စီးတီး ခဏတာရုန်းကန်လိုက်ရပေမဲ့ အရှိန်ပျက်မသွားခဲ့ဘဲ ပုံစံကောင်းကို တောက်လျှောက်ပြနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့တဲ့ နူနက်စ်ရဲ့ Assist၊ ဟားလန်းရဲ့ Hat-trick ဂိုးတွေနဲ့အတူ အမှတ်ပြည့်ရယူပြီး အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေခဲ့ပါပြီ။

ဒီပွဲမှာတော့ ဂရီးလစ်ရှ် ပါလာတဲ့အတွက် စီးတီးတိုက်စစ်က ပိုပြီး ငြိမ်လာခဲ့ပါတယ်။ ဂရီးလစ်ရှ်ရဲ့ လူခေါ်ထားနိုင်စွမ်းက အံ့မခန်း ဖြစ်ပြီး သူ ဘောလုံးဆွဲလာတဲ့အချိန်မှာ တခြားသူတွေအတွက် စိတ်ကြိုက်နေရာယူခွင့်ကို ပေးပါတယ်။ ဒါက ဒီဘရိုင်းနား၊ ဘာနာဒိုတို့ အလယ်မှာရှိနေခြင်းနဲ့ ပေါင်းစပ်လိုက်တော့ အခွင့်အရေးများစွာ ရလာစေတာပါ။

ဒုတိယပိုင်းစစချင်းကနေ ပြိုင်ဘက်ရဲ့တိုက်စစ်ပိုင်းက ပိုမိုအားကောင်းလာပြီး အကြိမ်ကြိမ်ဖိအားပေးနေခဲ့ပေမဲ့ နောက်တန်းနဲ့အီဒါဆန်တို့ရဲ့တုံ့ပြန်ပုံကောင်းမွန်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ အနိုင်သေချာစေမဲ့ဂိုးတစ်ဂိုးကို ထပ်မံရှာဖွေနိုင်ခဲ့တာ
ဖြစ်ပါတယ်။

ဟာလန်းကတော့ (၂)ပွဲဆက် ဟက်ထရစ် (၃)ပွဲကစား (၇)ဂိုးသွင်းထားတဲ့ အံ့ဖွယ် မှတ်တမ်း ရယူထားပါတယ်။
ဟာလန်းကတော့ စီးတီးအတွက် (၆၉)ပွဲ ကစားထားပြီး ဂိုး(၇၀)သွင်းယူထားတဲ့အထိ အကြမ်းစားကြီးတွေ လုပ်ပြထားတာပါ။