ဒီည အိမ်ကွင်းမှာ ချယ်ဆီးက ပဲလေ့စ်ကို ဘယ်နှဂိုး သွင်းမလဲ ပေါမာဆန်ကြီး ကြိုတင် သုံးသပ် ဟောကိန်းထုတ်

ချယ်ဆီးအသင်းဟာ ဒီညမှာ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ တွေ့ဆုံနေပြီး အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က ချယ်ဆီးနဲ့ ပဲလေ့စ်တို့ ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

နိုင်ငံတကာပွဲတွေ မတိုင်ခင် ဒီပွဲကို ကစားရတာ ချယ်ဆီးအတွက် ကောင်းတာပါပဲ။ ချယ်ဆီးက တာထွက်မှာ မန်စီးတီးကို ရှုံးပေမယ့် ဝုဗ်ကို ဂိုးပြတ် အနိုင်ရထားတယ်။ သူတို့က ပဲလေစ့်ကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။

ချယ်ဆီးအတွက် အဓိကကျတာက သူတို့ရဲ့ ခြေစွမ်း တည်ငြိမ်နေဖို့ပါ၊ သူတို့က တစ်ပွဲကို အရမ်းကောင်းလိုက်၊ နောက်ပွဲကို ညံ့သွားလိုက်ဖြစ်နေပါတယ်။ ချယ်ဆီးက အသင်းငယ်တွေကိုတော့ အနိုင်ယူနိုင်မယ်လို့ ကျနော် မျှော်လင့်တယ်။

ချယ်ဆီးက စတာလင်ကို ရှင်းထုတ်ပြီး ဆန်ချိုကို ပြန်ခေါ်ထားတယ်။ ပဲလေစ့်ကို လေးစားပေမယ့် စတန်းဖို့ဒ်ဘရစ်ချ်မှာ ချယ်ဆီး အနိုင်ပါပဲ။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ်

ချယ်ဆီး ၃-၀ ခရစ္စတယ် ပဲလေစ့် ဖြစ်ပါတယ်။

ပွဲချိန် – ဒီ တနင်္ဂနွေနေ့ ည ၇ နာရီမှာ ယှဉ်ပြိုင်မှာပါ။