ဒီည မှာတော့ မန်စီးတီး အသင်း က ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ပရီးမီးယားလိဂ်ပွဲ သွားရောက်ရင်ဆိုင်ရမှာပါ။ ပွဲ ကစားမယ့် အချိန်က ဒီနေ့ စနေနေ့ည ၁၁ နာရီ မှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်ဆရာကြီး ခရစ်ဆက်တန် က ဝက်စ်ဟမ်း – မန်စီးတီး တို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
မန်စီးတီးကို ရပ်တန့်နိုင်မယ် မမြင်သေးပါဘူး။ သူတို့က ပြိုင်ဘက်တွေကို လွှမ်းမိုးကစားတယ်၊ ပွဲတွေကို လွှမ်းမိုးကစားတယ်။ စီးတီးက ဒီပွဲကို နိုင်မှာပါ။
ဝက်စ်ဟမ်းဘက်မှာ အန်တိုနီယိုက ပွဲကို ဦးစီးဦးဆောင်ကစားမှာဖြစ်ပါတယ်။ ဖူးခရက်ကို ပွဲစတည်းက ထုတ်သုံးမယ်ဆိုရင် ကျနော်တော့ သဘောကျမှာပါ။ သူနဲ့ အန်တိုနီယို ဘယ်သူက ဦးဆောင်လာမယ်ဆိုတာ မသေချာသေးပါဘူး။
ဝက်စ်ဟမ်းက ဂိုးတော့ သွင်းမယ်ဆိုပေမယ့် မန်စီးတီးသွင်းမှာက သူတို့ထက် ပိုများပါလိမ့်မယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
ဝက်စ်ဟမ်း ၁-၃ မန်စီးတီး