အလန်ရှီးယား ရဲ့ ဒီည ဝက်စ်ဟမ်း – မန်စီးတီး ပွဲကြို သုံးသပ် ခန့်မှန်းချက် ထွက်လာပါပြီ

မန်စီးတီး အသင်း ကတော့ ဒီည ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ပရီးမီးယားလိဂ်ပွဲ သွားရောက်ရင်ဆိုင်ရမှာပါ။ ပွဲ ကစားမယ့် အချိန်က ဒီနေ့ စနေနေ့ည ၁၁ နာရီ မှာ ဖြစ်ပါတယ်။

နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်းကြီး အလန်ရှီးယား က က ဝက်စ်ဟမ်း – မန်စီးတီး တို့ ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

အလန်ရှီးယား ရဲ့ ပွဲကြို သုံးသပ်ချက်

အိမ်ကွင်းမှာ ဝက်စ်ဟမ်းက မန်စီးတီးကို ပြဿနာတွေမပေးနိုင်ရင် ကျနော် အံ့ဩမိမှာပဲ။ ပဲလေစ့်ကို ရင်ဆိုင်ရာမှာ သူတို့တွေ ရလဒ်ကောင်း ရထားပါတယ်။ ဒါပေမယ့် စီးတီးက သူတို့အတွက် အားကောင်းလွန်းနေပါတယ်။

အစ်ဝစ်ချ်ပွဲမှာဆိုရင် ပထမဂိုးပေးလိုက်ရတဲ့နောက် မန်စီးတီးက တုန့်ပြန်ပြသွားခဲ့တယ်။ ၁၀ မိနစ် ၁၅ မိနစ်လောက်အတွင်း မန်စီးတီး ကစားပြသွားတာ အံ့ဩလောက်စရာပါ။ သူတို့အဲ့ထက်ပိုပြီးတောင် ဂိုးရနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ကျနော်ကတော့ မန်စီးတီး နိုင်မယ်ပဲ ထင်ပါတယ်။

ဟာလန်း ပုံစံကောင်းရနေရင် မန်စီးတီးက ဂိုးရနေဦးမှာဖြစ်ပြီး အဲ့ခံစားချက်လည်း ရှိနေပါတယ်။ ဒီခံစားချက်နဲ့ ယုံကြည်မှုတွေကြောင့် နောက်ပွဲတွေကို အမြန်ဆုံး ကစားရဖို့ မစောင့်နိုင်အောင် ဖြစ်နေမှာပါ။

အလန်ရှီးယား ခန့်မှန်းရလဒ်

မန်စီးတီး အနိုင် ပဲ ဖြစ်ပါတယ်။