
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ကွန်းဖရန့်လိဂ် ခြေစစ်ပွဲစဉ်တွေမှာ ချယ်ဆီး အသင်း က ဆာဗက်တီကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် နှစ်ကျော့ပေါင်း ၂-၃ နဲ့ နောက်တစ်ဆင့် တက်လှမ်းသွားခဲ့ပါတယ်။
ဘရန်းဖို့ဒ်နည်းပြ ဖရန့်ခ်ကတော့ ချယ်ဆီးနဲ့ အာဆင်နယ်တို့ ချိန်ရွယ်နေတဲ့ သူတို့ တိုက်စစ်မှူး တိုနေးကို ရောင်းချဖို့ ဆန္ဒမရှိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ယူအီးအက်ဖ်အေဟာ ဝင်ငွေထွက်ငွေနဲ့ ပတ်သက်ပြီး ထပ်မံ တင်းကြပ်သွားဖို့ ရှိနေတာကြောင့် ချယ်ဆီး အတွက် အတော်လေး အကြပ်ရိုက်လာနိုင်ကြောင်း သိရပါတယ်။
နာပိုလီအသင်းဟာ ချယ်ဆီး အသင်းရဲ့ အသက်၃၁ နှစ်အရွယ် ဘယ်လ်ဂျီယံနိုင်ငံသား ရိုမယ်လ်လူ လူကာကူ ကို ပြောင်းရွှေ့ကြေး ယူရို သန်း (၃၀) + အပိုဆုကြေးတို့နဲ့ ခေါ်ယူခဲ့ပြီး (၃)နှစ် စာချူပ် ချူပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
လူကာကူဟာ လက်ရှိ နာပိုလီအသင်း နည်းပြ ကွန်တီ အင်တာမီလန်အသင်းကို ၂၀၁၉ ကနေ ၂၀၂၁ ထိ ကိုင်တွယ်တုန်းက သူ့လက်အောက်မှာ ခြေစွမ်းပြ ကစားခဲ့ပြီး ဆရာတပည့်နှစ်ယောက် နာပိုလီမှာ ပြန်လည်လက်တွဲရတော့မှာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီတုန်းက ရီးရဲလ်မက်ဒရစ် ဆီ အငှားထွက်ကစားခဲ့တဲ့ ဂိုးသမား ကီပါ ဟာ ချယ်ဆီး ကနေ ဘုန်းမောက် အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။
ကီပါ ဟာ ချယ်ဆီး မှာ အရံဂိုးသမားအဖြစ်နေခဲ့ရပြီး ရီးရဲလ်မက်ဒရစ် အသင်းဆီ အငှား သွားကစားခဲ့ရတဲ့အချိန်မှာ တော်တော်လေး ကြိုးစားအားထုတ်ခဲ့ပါတယ်။
ဒါပေမယ့် ရီးရဲလ်မက်ဒရစ် မှာက ကော်တိုရစ် ဒဏ်ရာကနေပြန်ကောင်းလာပြီဖြစ်သလို လူနင် ဟာလည်း ပွဲထွက်ခွင့် နေရာ အတွက် ရွေးချယ်နိုင်တဲ့သူဖြစ်နေပြီမို့လို့ ကီပါ ကို မဝယ်တော့ပါဘူး။ ဒါကြောင့် ရာသီကုန်မှာ ချယ်ဆီး ထံ ကိုပြန်လာခဲ့ရတယ်။
ကီပါ ဟာ ရီးရဲလ်မက်ဒရစ် နဲ့အတူ ချန်ပီယံလိဂ်၊ လာလီဂါ ဖလားတွေကို အငှား ထွက်ကစားတဲ့ တစ်ရာသီအတွင်းမှာ ရယူနိုင်ခဲ့ပါတယ်။