
မန်ချက်စတာ စီးတီး အသင်းရဲ့ တိုက်စစ်မှုး ဂိုးသွင်းစက် အာလင်းဟာလန်းဟာ ကလပ်အသင်းထံမှ လုပ်ခဝင်ငွေ ကေငာ်းရုံသာမက ရုပ်ပုံလွှာ အသုံးခအတွက် ကွင်းပြင်ပမှာ ငွေကြေးအမြောက်အမြား ရရှိနေပါတယ်။
အသက် ၂၄ နှစ်ရှိ မန်စီးတီးမီဂါစတားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ ၁၂ လတာကာလအတွင်းမှာ ပုံရိပ် အသုံးပြုခအတွက် ပေါင် ၁၂ သန်းအထိ ရရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
အာလင်းဟာလန်းရဲ့ York Promotion ကုမ္ပဏီဟာ ပုံရိပ် အသုံးပြုခအတွက် ပေါင် ၇ သန်းရရှိခဲ့ပြီး အခြား အမှတ် တံဆိပ်များထံမှ ပေါင် ၅ သန်းအထိ ထပ်မံ ရရန် ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
အာလင်းဟာလန်းဟာ ယမန် နှစ်တုန်းကထက် ပေါင် ၇ သန်းအထိ တိုးမြှင့်ရရှိလာတာလည်း ဖြစ်ပါတယ်။
အာလင်းဟာလန်းရဲ့ ကုမ္ပဏီကို ဖခင်ဖြစ်သူ အယ်ဖီက ဦးဆောင် ကြီးကြပ်နေတာလည်း ဖြစ်ပါတယ်။ ယင်းကုမ္ပဏီတွင် အခွန်စာရင်းစစ်အဖြစ် ဂျူလီယန်ဟွိုင်လီကို ခန့်အပ်ထားပြီး ဒါရိုက်တာစာရင်းမှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ အေးဂျင့်ဟောင်း မီနိုရိုင်အိုလာလည်း ပါဝင်ခဲ့ပါတယ်။
စာရွက်စာတမ်းများတွင် ဖော်ပြထားမှုအရ ယင်းကုမ္ပဏီဟာ လေယာဉ် ၂ စင်းကို ပေါင် ၂.၁ သန်းဖြင့် ဝယ်ယူထားတာ တွေ့ရပြီး အမည်မဖော်ပြထားတဲ့ ဒါရိုက်တာတစ်ဦးကိုလည်း ပေါင် ၁.၁ သန်းပေးခဲ့ကြောင်း သိရပါတယ်။
အာလင်းဟာလန်းဟာ Nike နှင့် ပေါင်သန်း ၂၀၀ တန်ကြေးရှိ ဆယ်နှစ်ကျော် စာချုပ်ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။
သူဟာ မန်စီးတီးတွင် တစ်လလုပ်ခ ပေါင် ၁.၂ သန်း ရရှိနေသူ ဖြစ်ပြီး ပထမဆုံးကစားတဲ့ ရာသီတွင် ၃၆ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။