နာပိုလီ တိုက်စစ်မှူး အိုဆင်မန်ကို ခေါ်ယူရေး ချယ်ဆီးအသင်း ကြိုးစားတော့မှာ မဟုတ်တဲ့ အဓိက အကြောင်းရင်း

ဒီနွေမှာ ကာလရှည် ချိတ်ဆက်ခဲ့တဲ့ တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းဘက်က လက်လျှော့သွားဖို့ ရှိပါတယ်။

အသက် ၂၅ နှစ်ရှိ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ နာပိုလီအသင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ထိပ်တန်းအသင်းကြီးတွေက ခေါ်ယူလိုနေတာပါ။

ချဲလ်ဆီးအသင်းဘက်ကလည်း အိုဆီမန်ကို ခေါ်ယူလိုပေမဲ့ လုပ်ခလစာတောင်းဆိုမှု များပြားနေတာက အခက်တွေ့စေတယ်လို့ သိရပါတယ်။

အိုဆီမန်ဟာ တပတ်လုပ်ခပေါင် ၅ သိန်းအထိ ပေးချေဖို့ တောင်းဆိုခဲ့တာကြောင့် ချဲလ်ဆီးအသင်းနဲ့ အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ အိုဆီမန်ကို ခေါ်ယူဖို့ လက်လျှော့သွားပြီဖြစ်ပေမဲ့ တိုက်စစ်သမား တစ်ဦး ခေါ်ယူဖို့ ကြိုးစားဦးမှာပါ။ မန်ယူအသင်းမှ ဆန်ချိုအပြင် တိုက်စစ်သမားတွေကို ချိတ်ဆက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။