မန်ယူမှ ဆန်ချို ကို ခေါ်ယူဖို့ ချဲလ်ဆီး အသင်းသားတွေ ပြန်ခေါ်ခွင့်ပေးကာ ဆေးနွေးနေကြပါတယ်

ချဲလ်ဆီးအသင်းဟာ နည်းပြ အန်ဇိုရဲ့ အနာဂတ် ပလန်ထဲ မပါတဲ့ ကစားသမားတွေထဲက တစ်ဦးကို မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့စေပြီး ဆန်ချိုအား ခေါ်ယူရေး ကြိုးပမ်းနေပါတယ်။

ချဲလ်ဆီးနဲ့ ယူနိုက်တက် တို့ဟာ သောကြာနေ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ အပြောင်းအရွှေ့ ဖြစ်မြောက်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြပါတယ်။

ချဲလ်ဆီးဟာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုအပေါ် မူတည်ပြီး ရာဟမ်းစတာလင်း(သို့မဟုတ်) ဘင်ချဲလ်ဝဲလ်ကို ပြန်လည်ပြောင်းရွှေ့ စေပါမယ်။

လက်ရှိအနေအထားတွင် ယူနိုက်တက်နှင့် ချဲလ်ဆီးတို့အကြား ဆွေးနွေးနေဆဲ ဖြစ်ပြီး အပြောင်းအရွှေ့ မတိုင်မီ အပြီးသတ်လာမလား စောင့်ကြည့်ရပါမယ်။

ဆန်ချိုဟာ စနေနေ့ညတုန်းက ဘရိုက်တန်ကို ရှုံးနိမ့်တဲ့ ပရီးမီးယားလိဂ်ဒုတိယပွဲစဉ်တွင် ယူနိုက်တက်လူစာရင်းတွင် ချန်လှပ်ခံခဲ့ရပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုအား ကစားသမားဖြင့် အလဲအထပ်လုပ်တာမျိုးမဟုတ်ဘဲ ငွေသားဖြင့်သာ ရောင်းချလိုနေတယ်လို့ ယူဆရပါတယ်။

ချဲလ်ဆီးဟာ ယခုနွေရာသီတွင် ဂျာအိုဖီးလစ်၊ ပီဒရိုနီတိုအပါအဝင် ကစားသမားသစ် ၁၁ ဦးအထိ ခေါ်ယူထားသလို နာပိုလီတိုက်စစ်မှူးဗစ်တာအိုဆီမမ်ကိုလည်း ခေါ်ယူရေး ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့ ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာဟာ စတာလင်းကို ပထမအသင်းမှ ဖယ်ရှားလိုက်ပြီးနောက် တောင်ပံတိုက်စစ်ကို အားဖြည့်လိုနေပါတယ်။

လက်ရှိအချိန်တွင် စတာလင်းဟာ အခြားကစားသမား ၁၃ ဦးတို့နှင့်အတူ အကယ်ဒမီအသင်းနှင့် လေ့ကျင့်ခန်းဆင်းနေရပါတယ်။