အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ အသိပေးမှု ပြုလုပ်လာတဲ့ နည်းပြဂွာဒီယိုလာ

မန်စီးတီး နည်းပြကြီး ဂွာဒီယိုလာက ဒီရာသီ ပွဲပေါင်းများစွာ ကစားရမှာဖြစ်လို့ အသင်းက ကစားသမားတွေကို လိုအပ်မှာ ဖြစ်တာကြောင့် ဂွန်ဒိုဂန် ပြန်ရောက်လာသည့်တိုင် အသင်းကနေ ဘယ်ကစားသမားကိုမှ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

“ဂွန်ဒိုဂန် ရောက်လာပေမယ့် အသင်းက ကစားသမားတွေ အားလုံးကတော့ အသင်းမှာပဲ ဆက်ရှိနေမှာပါ။ ကျွန်တော်တို့အသင်းမှာ squad death အပြည့်လည်း မရှိပါဘူး။

ကစားသမားအရေအတွက်ကလည်း (၁၉) (၂၀) (၂၁)ဦးလောက်ပဲ ရှိနေပါတယ်။ ကစားသွားရမယ့် ပွဲတွေကလည်း အများကြီးပဲ ရှိနေတာဖြစ်လို့ ကစားသမားတိုင်းက ပွဲကစားခွင့်အတွက် တိုက်ပွဲဝင်ရပါလိမ့်မယ်။” လို့ ဂွာဒီယိုလာက ပြောဆိုလာပါတယ်။

လက်ရှိ မန်စီးတီးအသင်းမှာ တိုက်စစ်ပိုင်းအတွက် အဲလ်ဗာရက်ဇ်က အသက်လက်တီကိုအသင်းဆီ ထွက်ခွာသွားသလို လူငယ် တောင်ပံကစားသမားလေး အော်စကာ ဘော့ဘ်ကလည်း ဒဏ်ရာရရှိနေပေမယ့် တိုက်စစ်ကစားသမားသစ် ထပ်မံ ခေါ်ယူသွားဖို့ အစီအစဉ် မရှိပဲ ဖြစ်နေပါတယ်။