
ပြီးခဲ့တဲ့ ရက်က အစ်ဝစ်ချ် အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဟတ်ထရစ် သွင်းယူခဲ့တဲ့ မန်စီးတီး အသင်းတိုက်စစ်မှူး ဟာလန်းဟာ မန်ယူအသင်း တိုက်စစ်မှူးဟောင်း ရွန်းနီရဲ့ ပရီးမီးယားလိဂ် ဟတ်ထရစ် စံချိန်ကို လိုက်မှီနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ဟတ်ထရစ် သွင်းဂိုး ၆ ကြိမ်သွင်းယူထားတဲ့ လီဗာပူးလ် တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ ဟာလန်းဟာ ရွန်းနီရဲ့ ၇ ကြိမ်မြောက် စံချိန်ကို လိုက်မှီသွားခဲ့ပြန်တာပါ။
စီးတီး တိုက်စစ်မှုး ဟာလန်းက ၃ရာသီမြောက် မှာ ယခုစံချိန် ရရှိခဲ့တာကြောင့် အခြား ကစားသမားတွေရဲ့ စံချိန်ကို ထပ်မံချိုးဖြတ်ဖို့ အလွန်အခြေအနေကောင်းနေပါတယ်။
ပဲလေ့စ်၊ ဖောရက်စ်၊ မန်ယူ၊ ဖူဟမ်၊ အစ်ဝှစ်ချ် စတဲ့ အသင်းတွေအပြင် ဝုလ်ဗ်အသင်းဘက်ကို ဟတ်ထရစ် ၂ ကြိမ်အထိ သွင်းယူနိုင်ခဲ့တဲ့ ဟာလန်းဟာ အွန်နရီ၊ ဟယ်ရီကိန်း၊ မိုက်ကယ်အိုဝင်တို့ရဲ့ ၈ ကြိမ်မြောက် စံချိန်ကို ထပ်မံချိုးဖြတ်ဖို့ ရှိနေပါတယ်။
အဆိုပါ ကစားသမားတွေရဲ့ အထက်မှာတော့ အဂူရိုက ၁၂ ကြိမ်၊ အလန်ရှီးယားက ၁၁ ကြိမ်နဲ့ ရော်ဘီဖောင်လာတို့က ၉ ကြိမ်စီနဲ့ အများဆုံး ရပ်တည်နေကြပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်းရဲ့ အင်အားတောင့်တင်းမှုကြောင့် ဟာလန်းအနေနဲ့ အချိန်တိုအတွင်း စံချိန်သစ် ထပ်မံစိုက်ထူသွားဖို့ ရှိနေပြီး အသင်းနည်းပြ ဂွာဒီယိုလာကိုယ်တိုင်က ဟာလန်းကို မက်ဆီ၊ ရိုနယ်ဒိုတို့နဲ့ တစ်တန်းထဲ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။