သန်း ၃ဝ ရခါနီးမှ ကစားသမားက ဖနောင့်ဒဏ်ရာ ရှိနေလို့ ရောင်းမထွက် ဖြစ်တော့မယ့် ချဲလ်ဆီးအသင်း

တိုက်စစ်မှုး အာမန်ဒို ဘရိုဂျာဟာ ဆေးစစ်မ ှုခံယူစဉ်အတွင်း ဖနောင့်ဒဏ်ရာရရှိနေတဲ့ လက္ခဏာပြသနေတာကြောင့် ချဲလ်ဆီးမှ အစ္စဝှစ်ချ်သို့ အပြောင်းအရွှေ့မှာ ပျက်ပြယ်လာနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

ကလပ်နှစ်ခုအကြားတွင် ယခုအပတ်အစောပိုင်းတုန်းက ဘရိုဂျာ အငှားအပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘရိုဂျာဟာ အစ္စဝှစ်ချ်သို့ အပြီး ခေါ်ခွင့် ပါဝင်တဲ့ ကနဦး အငှားဖြင့် ပြောင်းရွှေ့ရေးအပြီးသတ်မှုက ဆေးစစ်ဆေးချိန်မှာတော့ မရေမရာ ဖြစ်လာခဲ့ပါတယ်။

အစ္စဝှစ်ချ်ဟာ ဘရိုဂျာအား ဆေးစစ်ဆေးချိန်တွင် ဖနောင့်ဒဏ်ရာရရှိနေတဲ့ လက္ခဏာ တွေ့ရမှုနှင့်အတူ အပြောင်းအရွှေ့အား ရပ်ဆိုင်းလိုက်တာပါ။

လက်ရှိအချိန်တွင် အစ္စဝှစ်ချ်ဘက်က ဘရိုဂျာအပြောင်းအရွှေ့ကို လုံးဝ ငြင်းပယ်လိုက်တာမျိုးတော့ မဟုတ်သေးပါဘူး။

ဘရိုဂျာရဲ့ ဖြစ်ရပ်က ကစားသမား ၁၅ ဦးအထိ ယခုနွေရာသီတွင် အသင်းမှ ထွက်ခွာစေလိုနေတဲ့ လက်ရှိ လူစာရင်းမှာ ကစားသမား များလွန်းနေတဲ့ ချဲလ်ဆီးအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်နေပါတယ်။

ချဲလ်ဆီးဟာ ယခုနွေရာသီတွင် ကစားသမားသစ် ၁၁ ဦးအထိ ခေါ်ယူလိုက်ပြီးတဲ့နောက် ပထမအသင်းသား ၄၀ ကျော်အထိ ရှိနေမှုနှင့်အတူ ကစားသမား ၁၅ ဦးအထိ အသင်းမှ ဖယ်ရှားရန် လုပ်ဆောင်နေပါတယ်။

အယ်ဘေးနီးယားလက်ရွေးစင် ဘရိုဂျာဟာ ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာရဲ့ စီမံကိန်းတွင် ပါဝင်ခြင်း မရှိကြောင်း ပြောကြားခံထားရသူပါ။

အစောပိုင်းတုန်းက ချဲလ်ဆီးဟာ အစ္စဝှစ်ချ်သာ ပရီးမီးယားလိဂ်တွင် ဆက်လက် ရပ်တည်ပါက လာမယ့်နှစ် နွေရာသီတွင် ပေါင်သန်း ၃၀ ဖြင့် ရောင်းချမဲ့အချက်ဖြင့် သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။