လူစာရင်း ဘယ်လိုထုတ်မလဲတောင် မသိနိုင်တဲ့ ချယ်ဆီးက ဝုဗ်ကို မနိုင်ဘူး ဆိုတဲ့ ဆရာကြီး ပေါမာဆန်

ချယ်ဆီး အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ဝုဗ်နဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရဖို့ ရှိပါတယ်။ ပွဲကစားမှာ ကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၇ နာရီခွဲ အချိန်မှာပါ။

ဘောလုံးပွဲ သုံးသပ် ဆရာကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ဝုဗ်နဲ့ ချယ်ဆီး ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ရာသီစတုန်းက ဝုဗ်အတွက် စိုးရိမ်မိပေမယ့် အာဆင်နယ်ကို ရှုံးသွားတာတောင် သူတို့ရဲ့ ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ဒီရာသီ သူတို့ အဆင်ပြေမှာပါ။ ကျနော်က လီမီနာရဲ့ ပရိသတ်ပါ။ သူက ဝုဗ်အတွက် အရေးပါတဲ့ ကစားသမားဖြစ်လာနိုင်ပါတယ်။

ချယ်ဆီးရဲ့ ပြဿနာက သူတို့ ပွဲနေ့တွေမှာ ဘယ်လူစာရင်းကို ထုတ်သုံးမလဲ? အာဆင်နယ်က စပါးကို ရင်ဆိုင်ရာမှာ ဘယ်လူစာရင်း ထုတ်မလဲ ကျနော် ခန့်မှန်းလို့ရပေမယ့် ချယ်ဆီးလူစာရင်းကို မခန့်မှန်းနိုင်ပါဘူး။

စတာလင်နဲ့ ချီးဝဲလ် အခြေအနေ ဘယ်လိုဖြစ်နေမလဲ ကျနော် မသိဘူး။ ကျနော်က ဖီလစ်ကိုလည်း သဘောကျတဲ့သူ မဟုတ်ဘူး။ ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ သူ့ကို မလိုချင်တာကြောင့် အခု ချယ်ဆီးကို ရောက်လာခဲ့ပါပြီ။

မာရက်စကာရဲ့ အသင်းက ရလဒ်ကောင်းရဖို့ လိုနေပါတယ်။ စီးတီးကို ရင်ဆိုင်ရာမှာ သူတို့ လိုအပ်ချက်များခဲ့ပြီး ဒီအပတ် ဝုဗ်ပွဲမှာ ချယ်ဆီးတို့ သရေကျမှာပါ။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ်

ဝုဗ် ၁-၁ ချယ်ဆီး ဖြစ်ပါတယ်။