တိုက်စစ်မှူး လူကာကူကို ပေါင် သန်း ၃ဝ နဲ့ ရောင်းချနိုင်တော့မယ့် အပြင် အစားထိုးပါ ရတော့မယ့် ချဲလ်ဆီး

ချဲလ်ဆီး အသင်းဟာ တိုက်စစ်မှူး ရိုမီလူ လူကာကူကို နာပိုလီ အသင်းထံ ပေါင်သန်း ၃၀ ဝန်းကျင်ဖြင့် ရောင်းချနိုင်ရန် နီးစပ်နေပြီ ဖြစ်ပါတယ်။

နာပိုလီဟာ အသက် ၃၁ နှစ်ရှိ ဘယ်လ်ဂျီယံတိုက်စစ်မှူးရဲ့ စာချုပ်အတွင်းမှာ စာချုပ်ဖျက်သိမ်းကြေးပါ ထည့်သွင်းချုပ်ဆိုလာပါမယ်။

ဒါ့အပြင် နာပိုလီဟာ လူကာကူ အပြောင်းအရွှေ့ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာအိုဆီမန်ကို ချဲလ်ဆီးထံ စေလွှတ်ပေးမယ် လို့ သိရပါတယ်။

ချဲလ်ဆီးက ဗစ်တာအိုဆီမန်ကို အငှားဖြင့် ခေါ်ယူပြီး လာမယ့်နွေမှာ အပြီးသတ်ခေါ်ယူရေး ဆွေးနွေးနေပါတယ်။

လူကာကူဟာ ၂၀၂၁ ခုနှစ်တင် အင်တာမီလန်မှ ချဲလ်ဆီးသို့ ပေါင် ၉၇.၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပေမဲ့ တစ်ရာသီအကြာမှာပင် အင်တာမီလန်သို့ အငှားချခြင်းခံခဲ့ရပြီး ပြီးခဲ့တဲ့ ရာသီတုန်းက ရိုးမားတွင် အငှားဖြင့် ကစားခဲ့ရပါတယ်။

ချဲလ်ဆီးဟာ ယခုနွေရာသီတွင် ကစားသမား ၁၁ ဦးအထိ ခေါ်ယူထားပြီးနောက် ပထမအသင်းတွင် ကစားသမား ၄၀ ဦးကျော်အထိ ရှိနေမှုနှင့်အတူ ကစားသမား ၁၅ ဦးအထိ အသင်းပြောင်းရွှေ့လာစေပါမယ်။