PFA ဆုပေးပွဲ စင်မြင့်ထက်မှာ ဂန်းနားတွေရဲ့ အနာကို ဆားနဲ့ပက်လိုက်ပြန်တဲ့ ရိုဒရီ

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး ဆုတွေကို ချီးမြင့်တဲ့ PFA ဆုပေးပွဲမှာ မန်စီးတီး ကွင်းလယ်လူ ရိုဒရီရဲ့ စကားတစ်ခွန်းက ဂန်းနားတွေကို အနာ ဆားနဲ့ပက်သလို နာကျင်စေခဲ့ပါတယ်။

မန်စီးတီးတို့ ၄ ရာသီဆက် ချန်ပီယံဖြစ်ခဲ့ရာမှာ အာဆင်နယ်က နောက်ဆုံး ၂ ရာသီ ဆက်တိုက်ကို ဒုတိယနေရာက စိန်ခေါ်နိုင်ခဲ့တာပါ။

မနှစ်ကရာသီမှာဆိုရင် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံလိဂ် ဆုကို နှစ်မှတ် အကွာနဲ့ ကပ်လွဲခဲ့တာဖြစ်ပါတယ်။

ရိုဒရီက ” ဒါတွေက ကျနော်တို့ရဲ့ စိတ်ဓါတ်ပိုင်းနဲ့ သက်ဆိုင်ပါတယ်။ ကျနော်တို့က ပွဲတိုင်းကို အနိုင်ရဖို့ ကစားပါတယ်၊ သရေ ယူမယ်ဆိုတဲ့ စိတ်မျိုး မရှိပါဘူး ” လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ အီတီဟတ်မှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ခဲ့စဉ် နည်းပြ အာတီတာဟာ သရေတစ်မှတ်ရဖို့ ခံစစ်ကို ဦးစားပေး ကစားခဲ့တာပါ။ ရိုဒရီက အဆိုပါပွဲကို မမေ့သေးဘဲ ပြိုင်ဘက်အသင်းကို ခနဲ့သွားတာပဲဖြစ်ပါတယ်။

အဆိုပါစကား အပြင် ရိုဒရီကပဲ ဒီရာသီမှာ အာဆင်နယ်ထံက တူညီတဲ့ စိန်ခေါ်မှုမျိုး ထပ်မံ မြင်တွေ့ဖို့ မျှော်လင့်ကြောင်းနဲ့ အနာဂတ်မှာ လန်ဒန်ကလပ်ဟာ ချန်ပီယံတွေဖြစ်လာလိမ့်မယ် လို့ပါ မှတ်ချက်ပေးခဲ့သေးတာ ဖြစ်ပါတယ်။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီတွက် PFA ဆုပေးပွဲ ကျင်းပခဲ့ရာမှာ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ Team of the Year အသင်းအတွင်း မန်စီးတီးနဲ့ အာဆင်နယ် နှစ်သင်းပေါင်း ကစားသမား ၉ ဦးထိ ပါဝင်ပြီး လွှမ်းမိုးထားခဲ့ပါတယ်။