
ချဲလ်ဆီး အသင်းခေါင်းဆောင် ဖြစ်သလို အကယ်ဒမီထွက်လည်း ဖြစ်တဲ့ ကော်နာ ဂေါ်လဂါ ဟာ နောက်ဆုံးတော့ အက်သလက်တီကို မက်ဒရစ် အသင်းထံ ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးမှာသာ ဆက်နေချင်ခဲ့ပေမယ့် အသင်းရဲ့ ပေါ်လစီတွေကြောင့် ဂေါ်လဂါ ကတော့ အဆုံးမှာ စတန်းဖို့ဘရစ်ချ်ကို ကျောခိုင်းသွားခဲ့ရပါပြီ။
ကော်နာ ဂေါ်လဂါ က သူချယ်တဲ့ ချဲလ်ဆီး ပရိသတ်တွေထံ နောက်ဆုံး နှုတ်ဆက်စကား အခုလို ဆိုသွားခဲ့ပါတယ်။
‘ ချဲလ်ဆီးက လူတိုင်းကို ကျွန်တော့ရဲ့ အိပ်မက် အကောင်အထည် ပေါ်လာဖို့ ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂျာစီ ဝတ်လိုက်တဲ့ အချိန်တိုင်း ကျွန်တော် ဂုဏ်ယူရပါတယ်။ နောက်ပြီး အသင်းခေါင်းဆောင် အဖြစ်နဲ့ အကြိမ်များစွာ တာဝန်ယူခဲ့ရတာကလည်း အိပ်မက် တခုအမှန်တကယ် ဖြစ်လာခဲ့တာပါပဲ။
ကျွန်တော် အခိုက်အတန့်တိုင်းကို ချစ်မြတ်နိုးပါတယ်။ ဒီအမှတ်တရတွေက ထာဝရ တည်တံ့နေမှာပါ။ ပရိသတ်တွေဆီက ချစ်ခြင်းမေတ္တာတွေနဲ့ အားပေးထောက်ခံမှုတွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကျွန်တော့ နာမည်ကို သံပြိုင်သီဆိုတာ ကြားရခြင်းက စပါယ်ရှယ် ခံစားချက် တခုပါပဲ။ ခင်ဗျားတို့ ကျွန်တော့ ရုပ်ပုံပါတဲ့ Banner ကို လွှင့်ထူခဲ့တာက ကျွန်တော့ အတွက် ကမ္ဘာကြီး တမျှပါပဲ။
အရာရာတိုင်း အတွက် ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။ ဒီကလပ်ရဲ့ အနာဂတ် အကောင်းဆုံး ဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ စတမ်းဖို့ဘရစ်ချ်မှာ ခင်ဗျားတို့ အားလုံးကို ပြန်တွေ့ရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ‘ လို့ ဂေါ်လဂါ က အသိပေး နှုတ်ဆက်သွားခဲ့ပါတယ်။