စတာလင်း နဲ့ ဘန်ချီဝဲလ် တို့ အတွက် ပြတ်သားတဲ့ အသိပေးမှု နည်းပြ မာရက်စ်ကာ ထုတ်ဖော်ပြောဆို

ချဲလ်ဆီးအသင်းရဲ့ ကွန်းဖရန့်လိဂ် လူစာရင်းထဲ စတာလင်းနဲ့ ချီဝဲလ် တို့ ထည့်သွင်းခြင်း မခံခဲ့ရပါဘူး။ ဒါ့အပြင် ထို နှစ်ဦးလုံးဟာ ချဲလ်ဆီး စီနီယာ အသင်း ထရိန်နင်ကနေပါ ဖယ်ထုတ်ခံထားရပါတယ်။

စီနီယာ အသင်းနဲ့ လေ့ကျင့်ခွင့်မရရှိကြတဲ့ စတာလင်း၊ ဘန်ချီဝဲလ် တို့ဟာ အသင်းရဲ့ အနာဂတ်ပလန်တွေမှာ မပါဝင်ကြဘူးလားလို့ မေးခွန်းထုတ်ခံခဲ့ရရာ ချဲလ်ဆီး အသင်းရဲ့ နည်းပြ ဖြစ်သူ အန်ဇို မာရက်စ်ကာ ကတော့ ပွင့်ပွင့် လင်းလင်းပဲ ပြောဆို အသိပေးလာပါတယ်။

” ကျွန်တော် ရိုးရိုးသားသား ဖြေဖို့ ကြိုးစားနေပါတယ်။ သူဟာ ကျွန်တော်တို့နဲ့ဆိုရင် ပွဲကစားချိန် မိနစ်တွေ ရရှိနိုင်ဖို့ ရုန်းကန်ရလိမ့်မယ်လို့ ရာဟီးမ် (စတာလင်း) ကို ကျွန်တော် ပြောခဲ့ပါတယ်။

ချီလီ (ချီဝဲလ်) သူဟာလည်း ဒီမှာ ရုန်းကန်ရမှာပါပဲ ” လို့ အန်ဇို မာရက်စ်ကာ က ပြန်လည် ဖြေကြားခဲ့လိုက်ပါတယ်။

အန်ဇို မာရက်စ်ကာ ဟာ အသင်းမှာ အံဝင်ဦးမှာ မဟုတ်သေးတဲ့ ကစားသမားတွေကို စီနီယာ အသင်းနဲ့ မလေ့ကျင့်စေပဲ သီးခြား လေ့ကျင့်ခိုင်းထားပါတယ်။

မန်စီးတီး နဲ့ ပွဲမှာ နက်တို ဟာ ကျောနံပါတ် ၁၉ ကို ဝတ်ဆင် ကစားခဲ့ပေမယ့် အခု အခါမှာတော့ ကျောနံပါတ် ၇ ကို ပြောင်းလဲ ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။ ဖီးလစ် ကတော့ ကျောနံပါတ် ၁၄ ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။