
ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ – မန်ချက်စတာစီးတီးကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ချဲလ်ဆီးရဲ့ အဆိုးရွားဆုံးကစားသမား ကတော့ အသင်းခေါင်းဆောင် အန်ဇို ဖာနန်ဒက်ဇ် ဖြစ်ပြီး ပွဲထဲမှာ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်မနေခဲ့ဘူးလို့ ချဲလ်ဆီး ကစားသမားဟောင်းကြီး ဖရန့် လီဘိုးက ပြောဆိုခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ တနင်္ဂနွေနေ့ညက ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပွဲမှာ ဂွါဒီယိုလာရဲ့ အသင်းကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး နည်းပြသစ် မာရက်စ်ကာအတွက် စိတ်ပျက်ဖွယ် ရှုံးနိမ့်မှုဖြစ်ခဲ့ပါတယ်။
မာ့စ် ကူကူရယ်လာက ယူရို ၂၀၂၄ ပြိုင်ပွဲတုန်းကအတိုင်းပဲ အားကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ပြသခဲ့ပေမယ့်လည်း ကျန်တဲ့ ချဲလ်ဆီးတစ်သင်းလုံးက စိတ်ပျက်စရာကောင်းခဲ့တာ တွေ့ရပါတယ်။
အထူးသဖြင့် ချဲလ်ဆီး အသင်းခေါင်းဆောင် တာဝန်ယူထားတဲ့ အန်ဇို ဖာနန်ဒက်ဇ်က မန်စီးတီးနဲ့ပွဲမှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
“အန်ဇိုက အဲဒီပွဲမှာ အဆိုးရွားဆုံးဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် တွေ့ခဲ့တယ်။ သူက အသင်းခေါင်းဆောင်ပါ။ သူက စံနမူနာ လုပ်ပြရမှာ။ သူက ထက်မြက်ခဲ့တယ် ဒါမှမဟုတ် တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်ခဲ့တယ်လို့ ကျွန်တော် မခံစားရပါဘူး။
သူတို့တွေက တော်တော်များများကို လုပ်ဖို့ ကြိုးစားနေရတုန်းပါ။ ကျွန်တော် ချဲလ်ဆီးမှာကောင်းမွန်တဲ့အရာတွေ ပိုပြီး မြင်လာရနိုင်တယ်လို့ ခံစားမိပါတယ်။
ဒါပေမယ့် အဆုံးမှာတော့ ခင်ဗျား ဂိုးမသွင်းနိုင်ရင် ဒါက ကြီးမားတဲ့ပြဿနာဖြစ်လာမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့မှာ တိုက်စစ်မှူး ကောင်းကောင်း မရှိလို့ပါ”လို့ လီဘိုးက ပြောကြားခဲ့ပါတယ်။