အဲဗာတန်နဲ့ ပွဲမတိုင်ခင် နောက်ဆုံးရ ယူနိုက်တက် ညနေခင်း သတင်းများ

ယေန႔ည အဲဗာတန္နဲ႕ ပြဲမတိုင္ခင္ မန္ခ်က္စတာ အသင္းဟုိတယ္သို႔ ေရာက္ရွိလာတဲ့ ယူနိုက္တက္ လူစာရင္းကေတာ့ ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

ဒီဂီယာ၊ ရိုမီရို၊ ဂရန္႔၊ ၀ီလီယံစ္၊ ယန္း၊ ေရွာ၊ တူရမ္ဇီဘီ။ လင္ဒီေလာ့ဖ္၊ ၀မ္ ဘစ္ဆာကာ၊ မက္ဂြဲရား၊ ေတာ္မီေနး၊ ပါရဲရား၊ ဖရက္၊ မာတာ၊ ဂါနာ၊ လင္ဂတ္၊ ဂ်ိမ္းစ္၊ မာရွယ္၊ ဂရင္း၀ုဒ္၊ ရက္ဖို႔ဒ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ငယ္ရြယ္တဲ့ နာမည္ေက်ာ္ ၾကယ္ပြင့္ေတြ ျဖစ္တဲ့ ဆန္ခ်ိဳနဲ႕ ဟာလန္းကို ေခၚယူလိုေနတာေၾကာင့္ အေျပာင္းအေရႊ႕ အသံုးစရိတ္ မ်ားစြာ လိုအပ္ေနျပီး ယူနိုက္တက္ကေတာ့ ေနာက္နွစ္ေႏြမွာ ဆိုးရွားအား ေပါင္ သန္း ၂၅၀ ထိ ထုတ္ေပးသြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဇန္န၀ါရီမွာ ေခၚဖို႔ ပစ္မွတ္ထားေနတဲ့ ဂ်ဴဗင္တပ္ တိုက္စစ္သမား မန္ဇူကစ္ကို လက္လႊတ္ရဖြယ္ ရွိေနပါတယ္။ ခရိုေအးရွားသားကို တရုတ္ စူပါလိဂ္ကလပ္ ဒါလီယန္း ရိဖန္းအသင္းက မက္ေမာေလာက္ဖြယ္ လစာ ခံစားမႈေတြနဲ႕ ကမ္းလွမ္းေတာ့မွာ ျဖစ္ပါတယ္။

ယူနိုက္တက္နည္းျပ ဆိုးရွားက ၄င္းက အေနနဲ႕ မန္ခ်က္စတာကလပ္အသင္းကို စီမံခန္႔ခြဲနုိင္တယ္လို႔ ကုိယ့္အရည္အခ်င္းကိုယ္ အျမဲ ယံုၾကည္မႈ ရွိခဲ့ေၾကာင္း ဆိုလုိက္ျပီး ၄င္းကို အားထားရတဲ့ နည္းျပ အဖဲြ႕၀င္ေတြက အကူအညီေပးေနတယ္လို႕ ေနာ္ေ၀သားၾကီးက ဖြင့္ဟသြားပါတယ္။

ဆိုးရွားဟာ အာဂ်င္တီးနား အတြဲ ျဖစ္တဲ့ ေလာ္တယ္ရို မာတီနက္စ္နဲ႕ လင္ဒရို ပါရီဒက္စ္တို႔ကို ဇန္န၀ါရီမွာ ယူနိုက္တက္ အတြက္ ေခၚယူရန္ ပစ္မွတ္ထားေနပါတယ္။ အင္တာတိုက္စစ္မွဴးနဲ႕ ပီအက္စ္ဂ်ီ ကြင္းလယ္ကစားသမားတို႔ အတြက္ ေစ်းေပါေပါနဲ႕ေတာ့ ရမွာ မဟုတ္ဘဲ နွစ္ေယာက္ေပါင္း ေပါင္ သန္း ၁၂၀ ေလာာက္ ကုန္က်ဖြယ္ ရွိေနပါတယ္။

ရက္ဘူး ဆဲလ္ဘတ္ တိုက္စစ္မွဴး ဟာလန္းက မန္ခ်က္စတာ ယူနိုက္တက္သို႔ ေျပာင္းလာခ်င္ေၾကာင္း ဆိုးရွားကို ေျပာဆိုထားျပီး ျဖစ္တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ေနာ္ေ၀သားေလးဟာ ယူနိုက္တက္ ထရိနင္ကြင္းသို႔ လာေရာက္ လည္ပတ္ဖူးျပီး ၄င္းကို လိုက္ပ္ဇစ္နဲ႕ ေဒါ့မြန္အပါအ၀င္ ဥေရာပ ကလပ္အသင္းေကာင္းေတြက ေခၚယူဖို႔ စိတ္၀င္စားေနၾကပါတယ္။

Unicode

ယနေ့ည အဲဗာတန်နဲ့ ပွဲမတိုင်ခင် မန်ချက်စတာ အသင်းဟိုတယ်သို့ ရောက်ရှိလာတဲ့ ယူနိုက်တက် လူစာရင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဒီဂီယာ၊ ရိုမီရို၊ ဂရန့်၊ ဝီလီယံစ်၊ ယန်း၊ ရှော၊ တူရမ်ဇီဘီ။ လင်ဒီလော့ဖ်၊ ဝမ် ဘစ်ဆာကာ၊ မက်ဂွဲရား၊ တော်မီနေး၊ ပါရဲရား၊ ဖရက်၊ မာတာ၊ ဂါနာ၊ လင်ဂတ်၊ ဂျိမ်းစ်၊ မာရှယ်၊ ဂရင်းဝုဒ်၊ ရက်ဖို့ဒ်။

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ငယ်ရွယ်တဲ့ နာမည်ကျော် ကြယ်ပွင့်တွေ ဖြစ်တဲ့ ဆန်ချိုနဲ့ ဟာလန်းကို ခေါ်ယူလိုနေတာကြောင့် အပြောင်းအရွှေ့ အသုံးစရိတ် များစွာ လိုအပ်နေပြီး ယူနိုက်တက်ကတော့ နောက်နှစ်နွေမှာ ဆိုးရှားအား ပေါင် သန်း ၂၅၀ ထိ ထုတ်ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီမှာ ခေါ်ဖို့ ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ် တိုက်စစ်သမား မန်ဇူကစ်ကို လက်လွှတ်ရဖွယ် ရှိနေပါတယ်။ ခရိုအေးရှားသားကို တရုတ် စူပါလိဂ်ကလပ် ဒါလီယန်း ရိဖန်းအသင်းက မက်မောလောက်ဖွယ် လစာ ခံစားမှုတွေနဲ့ ကမ်းလှမ်းတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးရှားက ၎င်းက အနေနဲ့ မန်ချက်စတာကလပ်အသင်းကို စီမံခန့်ခွဲနိုင်တယ်လို့ ကိုယ့်အရည်အချင်းကိုယ် အမြဲ ယုံကြည်မှု ရှိခဲ့ကြောင်း ဆိုလိုက်ပြီး ၎င်းကို အားထားရတဲ့ နည်းပြ အဖွဲ့ဝင်တွေက အကူအညီပေးနေတယ်လို့ နော်ဝေသားကြီးက ဖွင့်ဟသွားပါတယ်။

ဆိုးရှားဟာ အာဂျင်တီးနား အတွဲ ဖြစ်တဲ့ လော်တယ်ရို မာတီနက်စ်နဲ့ လင်ဒရို ပါရီဒက်စ်တို့ကို ဇန်နဝါရီမှာ ယူနိုက်တက် အတွက် ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။ အင်တာတိုက်စစ်မှူးနဲ့ ပီအက်စ်ဂျီ ကွင်းလယ်ကစားသမားတို့ အတွက် ဈေးပေါပေါနဲ့တော့ ရမှာ မဟုတ်ဘဲ နှစ်ယောက်ပေါင်း ပေါင် သန်း ၁၂၀ လောာက် ကုန်ကျဖွယ် ရှိနေပါတယ်။

ရက်ဘူး ဆဲလ်ဘတ် တိုက်စစ်မှူး ဟာလန်းက မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းလာချင်ကြောင်း ဆိုးရှားကို ပြောဆိုထားပြီး ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ နော်ဝေသားလေးဟာ ယူနိုက်တက် ထရိနင်ကွင်းသို့ လာရောက် လည်ပတ်ဖူးပြီး ၎င်းကို လိုက်ပ်ဇစ်နဲ့ ဒေါ့မွန်အပါအဝင် ဥရောပ ကလပ်အသင်းကောင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။