
ဒီနေ့ ညမှာ ပရီးမီးယားလိဂ် အဖွင့် သီတင်းပတ် ပွဲကောင်း အဖြစ် ချယ်ဆီးနဲ့ မန်စီးတီး အသင်းတို့ စတန်းဖို့ ဘရစ်ချ်မှာ ထိပ်တိုက်တွေ့ပြီ ဖြစ်ပါတယ်။
ဘီဘီစီ ဘောလုံးသုံးသပ်သူ ခရစ်ဆက်တန် က ချယ်ဆီး – မန်စီးတီး ပွဲ အတွက် သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းတွေ ပြုလုပ်ထားပြီ ဖြစ်ပါတယ်။
ချယ်ဆီးနဲ့ မန်စီးတီးတို့ဟာဒီ တနင်္ဂနွေနေ့ ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
မန်စီးတီး ကြယ်ပွင့် ကစားသမား အချို့ ဒီပွဲမှာ ပါဝင်လာနိုင်ဦးမှာ မဟုတ်ပါဘူး။ သူတို့က ဒီအပတ်မှာ လေ့ကျင့်ရေး ပြန်ဝင်နိုင်တာပါ။ ဒါပေမယ့် ကွန်မြူနတီဒိုင်းပွဲ နောက်ဆုံးမိနစ်တွေမှာ ဒီဘရိုင်းနဲ့ ဘာနာဒိုတို့ ပါဝင်ကစားခဲ့ပါတယ်။
ချယ်ဆီးထံက ဘာမျှော်လင့်ရမလဲ ကျနော် မသိပါဘူး။ သူတို့အသင်း ဘာဖြစ်ချင်နေတာလဲဆိုတာတောင် ကျနော် မသိပါဘူး။
သူတို့ရဲ့ ဦးစားပေးက ဆုဖလား အနိုင်ရနိုင်မယ့် အသင်းတစ်သင်းကို တည်ဆောက်ဖို့လား ဒါမှမဟုတ် အခြားသော စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့လား?
ချယ်ဆီးမှာ အရည်အချင်းရှိ ကြယ်ပွင့်တွေ ရှိနေသလို ကိုးပါလ်မာက အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ရပါမယ်။ ဒါပေမယ့် မန်စီးတီးပဲ နိုင်ပွဲ ရှာတွေ့သွားမယ် ထင်ပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
ချယ်ဆီး ၁-၂ မန်စီးတီး ဖြစ်ပါတယ်။