ကွင်းပိတ်ပွဲစဉ်တွေ များနေတာကြောင့် အက်စတွန်ဗီလာနဲ့ ပွဲအတွက် ချယ်ဆီး သတင်းထုတ်ပြန်

ချယ်ဆီးအသင်းဟာ လာမယ့် စနေနေ့ အက်စတွန်ဗီလာနဲ့ ပွဲစဉ်အတွက် ပရိသတ်တွေကို ကွင်းဝင်ခွင့် ပိတ်မယ့် အစီအစဉ်များ လောလောဆယ် မရှိကြောင်း အသိပေး သတင်းထုတ်ပြန်မှု ပြုလုပ်ခဲ့ပါတယ်။

ချယ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံလိဂ် ပွဲစဉ်ကတော့ အဝေးကွင်းမှာ ကွင်းပိတ် ကျင်းပမှာ ဖြစ်ကြောင်း အတည်ပြုခြင်း ခံခဲ့ရပြီး ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ် ပွဲများမှာ ထိခိုက်လာမလား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

တနင်္လာနေ့က အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေ ဝှိုက်ဟောလ်မှာ အစည်းအဝေး လုပ်ခဲ့ကြပြီး ပရီးမီးယားလိဂ်ကတော့ ပွဲစဉ်တွေ ဆက်လက် ကျင်းပဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒါပေမယ့် ပွဲစဉ်အချို့မှာတော့ ကွင်းပိတ်ပွဲတွေ ရှိလာနိုင်မယ်လို့ သတိပေးမှုလည်း ရှိခဲ့ပါတယ်။ ချယ်ဆီး အသင်းကတော့ အက်စတွန်ဗီလာနဲ့ ပွဲမှာ ပရိသတ်တွေ ဝင်ရောက် အားပေးခွင့်ရမယ်လို့ အတည်ပြု သတင်းထုတ်ပြန်မှု ပေးကာ သေချာစေခဲ့ပါတယ်။

” လောလောဆယ်မှာ ချယ်ဆီး ပရိသတ်တွေ အနေနဲ့ စနေနေ့ အက်စတွန်ဗီလာနဲ့ ပွဲ တက်ရောက် အားပေးခွင့် ပိတ်ပင်တာတွေ မရှိပါဘူး။ ” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒီည ကစားရမယ့် မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပြန်ကန် ပွဲစဉ်ကတော့ အာဆင်နယ်အသင်းဟာ အိုလံပီယာကို့စ်နဲ့ ပွဲစဉ်မှာ ဗိုင်းရပ်စ်ထိထားတဲ့ အသင်း ပိုင်ရှင်နဲ့ ထိတွေ့နှုတ်ဆက်တာတွေ ရှိခဲ့တာကြောင့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပွဲရွှေ့ဆိုင်းထားခဲ့ပါတယ်။

ဥရောပတလွှားမှာ အီတလီ၊ စပိန်၊ ပြင်သစ် စတဲ့ လိဂ်တွေကတော ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်မှုနဲ့ စောင့်ကြည့်မှုတွေ သတိကြီးထား ပြုလုပ်နေကာ ရပ်ဆိုင်းမှုတွေလည်း ရှိနေပြီ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ လာမယ့္ စေနေန႔ အက္စတြန္ဗီလာနဲ႕ ပြဲစဥ္အတြက္ ပရိသတ္ေတြကို ကြင္း၀င္ခြင့္ ပိတ္မယ့္ အစီအစဥ္မ်ား ေလာေလာဆယ္ မရွိေၾကာင္း အသိေပး သတင္းထုတ္ျပန္မႈ ျပဳလုပ္ခဲ့ပါတယ္။

ခ်ယ္ဆီးနဲ႕ ဘုိင္ယန္ျမဴးနစ္တို႔ ခ်န္ပီယံလိဂ္ ပြဲစဥ္ကေတာ့ အေ၀းကြင္းမွာ ကြင္းပိတ္ က်င္းပမွာ ျဖစ္ေၾကာင္း အတည္ျပဳျခင္း ခံခဲ့ရျပီး ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္ ပရီးမီးယားလိဂ္ ပြဲမ်ားမွာ ထိခိုက္လာမလား စိုးရိမ္မႈေတြ ျမင့္တက္ေနပါတယ္။

တနလၤာေန႔က အာဏာပိုင္ေတြနဲ႕ တာ၀န္ရွိသူေတြ ၀ိႈက္ေဟာလ္မွာ အစည္းအေ၀း လုပ္ခဲ့ၾကျပီး ပရီးမီးယားလိဂ္ကေတာ့ ပဲြစဥ္ေတြ ဆက္လက္ က်င္းပဖို႔ ဆံုးျဖတ္ခ်က္ ခ်ခဲ့ပါတယ္။ ဒါေပမယ့္ ပြဲစဥ္အခ်ိဳ႕မွာေတာ့ ကြင္းပိတ္ပြဲေတြ ရွိလာနုိင္မယ္လို႔ သတိေပးမႈလည္း ရွိခဲ့ပါတယ္။ ခ်ယ္ဆီး အသင္းကေတာ့ အက္စတြန္ဗီလာနဲ႕ ပြဲမွာ ပရိသတ္ေတြ ၀င္ေရာက္ အားေပးခြင့္ရမယ္လို႔ အတည္ျပဳ သတင္းထုတ္ျပန္မႈ ေပးကာ ေသခ်ာေစခဲ့ပါတယ္။

” ေလာေလာဆယ္မွာ ခ်ယ္ဆီး ပရိသတ္ေတြ အေနနဲ႕ စေနေန႔ အက္စတြန္ဗီလာနဲ႕ ပြဲ တက္ေရာက္ အားေပးခြင့္ ပိတ္ပင္တာေတြ မရွိပါဘူး။ ” လို႔ ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီည ကစားရမယ့္ မန္စီးတီးနဲ႕ အာဆင္နယ္အသင္းတို႔ရဲ႕ ျပန္ကန္ ပြဲစဥ္ကေတာ့ အာဆင္နယ္အသင္းဟာ အိုလံပီယာကို႔စ္နဲ႕ ပြဲစဥ္မွာ ဗိုင္းရပ္စ္ထိထားတဲ့ အသင္း ပိုင္ရွင္နဲ႕ ထိေတြ႔နႈတ္ဆက္တာေတြ ရွိခဲ့တာေၾကာင့္ ၾကိဳတင္ကာကြယ္တဲ့ အေနနဲ႕ ပြဲေရႊ႕ဆိုင္းထားခဲ့ပါတယ္။

ဥေရာပတလႊားမွာ အီတလီ၊ စပိန္၊ ျပင္သစ္ စတဲ့ လိဂ္ေတြကေတာ ကိုရိုနာဗိုင္းရပ္စ္ ၾကိဳတင္ကာကြယ္မႈနဲ႕ ေစာင့္ၾကည့္မႈေတြ သတိၾကီးထား ျပဳလုပ္ေနကာ ရပ္ဆိုင္းမႈေတြလည္း ရွိေနျပီ ျဖစ္ပါတယ္။