မန်စီးတီး ရင်ဆိုင်ရမယ့် ပြစ်ဒဏ် က တန်းဆင်းသည်ထိ ပြင်းထန်သွားနိုင်တယ် လို့ သတင်းပေးလာသူ

ပရီးမီးယားလိဂ် အကြီးအကဲတစ်ယောက်ရဲ့ အဆိုအရ မန်စီးတီအသင်းအနေနဲ့ ရာသီသစ်မှာ ရမှတ်လျှော့ ပစ်ဒဏ်ချမှတ်ခံရနိုင်ဖွယ် ရှိနေကြောင်း သတင်း ထွက်ပေါ်နေပါတယ်။

အမှုုပေါင်း ၁၁၅ မှုနဲ့ ရင်ဆိုင်နေရတဲ့ မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရနိုင်လောက်တဲ့အထိ အပြစ်အေးခွရမယ့် သတင်းထွက်ပေါ်နေတဲ့ အသင်းဖြစ်ပြီး ဆုဖလားတွေလည်း ပြန်လည် သိမ်းယူခံရနိင်ခြေ ရှိနေပါတယ်။

မန်စီးတီးအသင်းဟာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် နောက်ပိုင်းကတည်းက ယခုလို စွပ်စွဲချက်တွေ ကြုံရနိုင်လောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တာ ဖြစ်ပြီး နည်းပြဟောင်း မန်ချီနီ လက်ထက်တုန်းက လစာပြဿနာတွေကြောင့် အတော်လေး အကြပ် ရိုက်ခဲ့ဖူးပါတယ်။

လက်ရှိ မန်စီးတီး အသင်းရဲ့ အမှုကို တာဝန်ယူစောင့်ကြည့်နေတဲ့ ပရီးမီးယားလိဂ် ထိပ်တန်း တာဝန်ရှိသူအချို့ရဲ့ ပြောပြချက်ကို နာမည်ကြီး ဒေးလီးမေးလ် သတင်းဌာန က ပြန်လည်ပြီး ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းဘက်ကတော့ အဆိုပါ စွပ်စွဲချက်တွေ မှားယွင်းကြောင်း ယခု အချိန်ထိ ယတိပြတ် ငြင်းဆန်နေဆဲပါ။

တကယ်လို့ မန်စီးတီးအသင်းသာ ရမှတ်လျှော့ ပြစ်ဒဏ်တွေနဲ့ တန်းဆင်းသွားခဲ့ရပါက ပရီးမီးယားလိဂ်မှာ ၂၀၀၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည် တန်းဆင်းသွားကြရဦးမှာ ဖြစ်ပါတယ်။