ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ မန်စီးတီး ချယ်ဆီးကို မနိုင်ဘူး ဆိုတဲ့ ပေါမာဆန်ကြီးရဲ့ ဟောကိန်းထုတ်ချက်

ဒီတပတ်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး ပြန်လည် စတင် ကစားတော့မှာပါ။ ပွဲကြီးပွဲကောင်း အဖြစ် ချယ်ဆီးနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ ဟာ စတန်းဖို့ဘရစ်ချ်ကွင်းမှာ လာမယ့် တနင်္ဂနွေနေ့ ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဆရာကြီး ပေါမာဆန်က ချယ်ဆီး – မန်စီးတီး ပွဲစဉ် ဘယ်လို ရလဒ် ထွက်လာမလဲ ကြိုတင် ဟောကိန်းထုတ်ထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီပွဲက ပွဲကောင်းပါပဲ။ ချယ်ဆီးအတွက်တော့ အချိန်ကောင်းဖြစ်ပြီး မန်စီးတီးဘက်ကတော့ ကစားသမားတွေ အကောင်းဆုံး ပုံစံတွေ မရသေးချိန် ချယ်ဆီးလို ပြိုင်ဘက်ကို တွေ့ချင်မှာ မဟုတ်ပါဘူး။

ချယ်ဆီးက အကောင်းဆုံး ရာသီကြို မရှိထားပါဘူး။ သူတို့ အမြန်ဆုံး အခြေကျဖို့ လိုနေပါတယ်။ မနှစ်က ပွဲ ၂၀ နောက်ပိုင်းမှာတောင် ပိုချက်တီနိုက အကောင်းဆုံး အသင်းကို ရှာမတွေ့ခဲ့ပါဘူး။

ချယ်ဆီးမှာ ပြဿနာတွေ အများကြီးပါ။ အကောင်းဆုံး ၁၁ ဦးကို ရှာနိုင်ဖို့ လိုအပ်သလို ပါလ်မာနဲ့ ရိစ်ဂျိမ်းတို့ ကြံ့ခိုင်နေအောင် လုပ်ပေးရမှာပါ။

မန်စီးတီးက အဲဗာရက်စ်ကို ရောင်းချထားပြီး လူစာရင်း အားပျော့သွားပါတယ်။ ဂရီလစ်က ဂွာဒီယိုလာအတွက် ပွဲကြီးတွေ ကစားပေးထားပြီး အရေးပါတဲ့ ကစားသမားပါ။ ဒီရာသီ သူပွဲတွေ ကစားရဖို့ လိုအပ်ပါတယ်။ တစ်ရာသီ ဂိုး ၃၀ လောက် သွင်းပေးမယ့် ဟာလန်းလည်း ကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။

မနှစ်ကတော့ ဒီနှစ်သင်းပွဲတွေက သိပ်ကောင်းခဲ့တယ်။ ချယ်ဆီးက စီးတီးကို သရေ ကစားနိုင်ခဲ့တယ်။

ပေါမာဆန်ရဲ့ ခန့်မှန်း ရလဒ်

ချယ်ဆီး ၁-၁ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။