
မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်း တိုက်စစ်မှူးဟောင်း ဒီဗန် မူဘာမာကို ခေါ်ယူရေး ဆွေးနွေးမှု အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်ရှိ တိုက်စစ်မှူးဟာ ဇွန်လတွင် ဝက်စ်ဟမ်းနှင့် စာချုပ် သက်တမ်း ကုန်ဆုံးခဲ့တာ ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုရေး သဘောတူညီမှု မရသေးပါဘူး။ ဒါပေမဲ့ ဝက်စ်ဟမ်းဟာ မူဘာမာ အတွက် နစ်နာကြေး ရရှိလာပါဦးမယ်။
တကယ်လို့ ဝက်စ်ဟမ်း အနေဖြင့် နစ်နာကြေး သဘောတူညီမှု မရရှိပါက အမှုကို အားကစား ခုံရုံးသို့အထိ တင်ကာ ပြောင်းရွှေ့ကြေး ရယူလာနိုင်ပါတယ်။
ဒါပေမဲ့ အင်္ဂလန်ယူ-၂၁ တိုက်စစ်မှူးဟာ ဥရောပကလပ်များစွာတို့ရဲ့ စိတ်ဝင်စားမှုခံရပေမဲ့လည်း မန်စီးတီးသို့ ပြောင်းရန် ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ မူဘာမာနှင့် မန်စီးတီးတို့အကြား မကြာမီ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရလာဖို့ ရှိနေပါတယ်။
သူဟာ မန်စီးတီး စီနီယာ အသင်းတွင် ချက်ချင်းကစားရဖွယ် မရှိဘဲ ယူ-၂၁ အသင်းမှာ စတင်ကစားရဖို့ ရှိပေမဲ့ ပထမအသင်းသို့ တက်လှမ်းနိုင်မဲ့ အခွင့်အရေးလည်း ရရှိလာပါမယ်။
အမ်ဘူမာဟာ ၁၀ နှစ်သားကတည်းက ဝက်စ်ဟမ်းအကယ်ဒမီသို့ ရောက်လာသူ ဖြစ်ပြီး ပထမအသင်းအတွက် ၁၈ ပွဲကစားကာ ၁ ဂိုးသွင်းထားပါတယ်။