
အက်သလက်တီကို မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ဖို့ ပျက်ပျယ်ခဲ့တဲ့ ချဲလ်ဆီး ကွင်းလယ် ကစားသမား ဂါလယ်ဂါဟာ ချဲလ်ဆီး လူငယ်အသင်းနဲ့ လေ့ကျင့်ဖို့ အကြောင်းကြားခံထားရကြောင်း သတင်းရရှိပါတယ်။
အသက် ၂၄ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ စနေနေ့တုန်းက အက်သလက်တီကိုရဲ့ Metropolitano Stadium ကွင်းသို့ သွားရောက်ခဲ့ပြီး မက်ဒရစ်ရှိ ဟိုတယ်တစ်ခုတွင် ငါးညတိုင်တိုင် နေထိုင် စောင့်ဆိုင်း ခဲ့ပေမဲ့ အက်သလက်တီကိုသို့ ပြောင်းရွှေ့ရေးမရေမရာ ဖြစ်နေခဲ့ပါတယ်။
စပိန်မှာ ၅ ရက်ကြာခဲ့တဲ့ ဂါလယ်ဂါ ဟာ တီကိုအသင်းနဲ့ ဆေးစစ်ချက် အောင်မြင်ပြီးစီးခဲ့ပေမယ့် နှစ်သင်းကြား ဆွေးနွေးမှု အဆင်မပြေခဲ့တာကြောင့် ယခုလို လန်ဒန်ကို ပြန်လာခဲ့ရတာ ဖြစ်ပါတယ်။
တီကိုအသင်းကလည်း ချဲလ်ဆီး တောင်းဆိုခဲ့တဲ့ ပေါင် ၃၃.၇ သန်းကို ပေးချေလိုနေပေမယ့် အသင်းရှိ ကစားသမားတွေကို အချိန်မှီ ရောင်းချဖို့ ကြိုးစားသွားရမှာ ဖြစ်တာကြောင့် ဂါလယ်ဂါ ကို ခေါ်ယူဖို့ နောက်ဆုတ်ခဲ့ရဖွယ် ရှိပါတယ်။
ချဲလ်ဆီးအသင်းကတော့ ဂါလယ်ဂါ ကို စီနီယာအသင်းစာရင်းမှ ခတ္တထုတ်ပယ်ထားဖွယ် ရှိနေပြီး အသက် ၂၁ နှစ်အောက် အသင်းနဲ့သွားရောက်ပူးပေါင်းခိုင်းဖို့ စီစဉ်ထားပါတယ်။
လက်ရှိအချိန်တွင် ကော်နာ ဂါလယ်ဂါရဲ့ အက်သလက်တီကို အပြောင်းအရွှေ့ ကလုံးဝ ပျက်ပြယ်သွားခြင်း မရှိသေးပေမဲ့လည်း ပျက်ပြယ်သွားနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်။
ဂါလယ်ဂါ ရဲ့ အပြောင်းအရွှေ့မှာ ဂျာအိုဖီးလစ်ရဲ့ ချဲလ်ဆီးအပြောင်းအရွှေ့နဲ့လည်း တိုက်ရိုက်ဆက်စပ်နေပါတယ်။