
မန်ယူ ကစားသမားဟောင်းကြီး ရွိုင်ကိန်းကတော့ တိုက်စစ်မှုး ပက်ဒရို နီတိုက ချဲလ်ဆီးမှာ ဝရုန်းသုန်းကားဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေပြီး နောက်ဆုံးမှာတော့ ဂျင်းဖြစ်သွားလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပေါ်တူဂီတောင်ပံကစားသမားကို ဝုဗ်ကနေ ပေါင် ၅၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး နီတိုက စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၂၀၃၁ ခုနှစ်အထိ ရှိနေမယ့် ၇ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
နီတိုဟာ ဝုဗ်မှာ အလွန်ကောင်းမွန်တဲ့ ၅ ရာသီကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး တနင်္ဂနွေနေ့က အင်တာမီလန်နဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အတွင်း စတမ်းဖို့ဒ် ဘရစ်ချ်က ပရိသတ်တွေရှေ့မှောက် မိတ်ဆက်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရွိုင်ကိန်း က ဒဏ်ရာပြဿနာများခဲ့တဲ့ နီတိုက အနောက်လန်ဒန်မှာ ဝရုန်းသုန်းကားဖြစ်မှုတွေပဲ ပိုဖြစ်စေမှာဖြစ်ပြီး စိတ်ပျက်စရာ ပွဲဦးထွက် ရာသီကို ရင်ဆိုင်ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က နီတိုဟာ ဒီနွေရာသီရဲ့ အကောင်းဆုံးခေါ်ယူမှုတွေထဲကတစ်ခုဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့ချိန်မှာ ရွိုင်ကိန်း က အခုလို ငြင်းဆန် တုန့်ပြန်လိုက်တာပါ။
“မဟုတ်ပါဘူး။။ သူက အမြဲတမ်း နာနေတဲ့သူပါ။ သူက လုခ်ရှောအတိုင်းပဲ။ သူက ကစဉ့်ကလျားဖြစ်မှုတွေကိုပဲ ပိုဖြစ်စေပါလိမ့်မယ်။ သူက တစ်ပွဲ ကစားလိုက်ရင် နေရာတိုင်းကို လျှောက်ပြေးပြီး တံကောက်ကြောဒဏ်ရာကြောင့် ၆ လလောက် ကုသမှုခံယူနေရမယ့်သူပါ။ ”လို့ ပြောဆိုခဲ့ပါတယ်။