အိုမိုရိုဒရီယန် ကိစ္စ Fail ဖြစ်သွားပေမယ့် ချယ်ဆီးကတော့ တိုက်စစ်မှုး ခေါ်ဖို့ လက်မလျှော့ဘဲ အိုဆီမန်ကို ဆက်ညှိနေ

ချယ်ဆီး အသင်းဟာ အက်သလက်တီကို တိုက်စစ်မှူး ဆမူ အိုမိုရိုဒရီယန် အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှုရပေမယ့် အဆုံးမှာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု မရခဲ့တာကြောင့် အပြောင်းအရွှေ့ ပျယ်ပြယ်ခဲ့ပါတယ်။

ဒါပေမယ့် ချယ်ဆီးအသင်းဟာ ကစားသမားသစ် ခေါ်ဖို့ ရပ်တန့်မသွားဘဲ တိုက်စစ်သမားသစ် ထပ်ရှာဦးမှာဖြစ်ပြီး အိုဆင်မန် အပါအဝင် ကစားသမား ၄ ဦးထဲက ရွေးချယ်မှု ပြုလုပ်နေကြောင်း နာမည်ကြီး Telegraph သတင်းဌာနက ဖော်ပြပါတယ်။

အိုဆင်မန်ဟာ ဒီနွေမှာ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားပေမယ့် နာပိုလီပိုင်ရှင် ဒီလော့ရန်တစ်က ပြောင်းရွှေ့ကြေး ယူရို သန်း ၁၃၀ ထိ တောင်းဆိုရာက အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ခက်ခဲနေတာပါ။

ချယ်ဆီးဟာ အိုဆင်မန်ကို ခေါ်ယူရေး ပြန်ကြိုးစားဖို့ စိတ်ဝင်စားပေမယ့် ကနဦး အငှားဖြင့် ခေါ်ယူပြီး ရာသီကုန်မှ အပြီးသတ် ခေါ်ခွင့်နဲ့ ကမ်းလှမ်းမှာ ဖြစ်ပြီး ဒါကို နာပိုလီဘက်က လက်ခံပေးမှ အပြောင်းအရွှေ့ ဖြစ်မြောက်ပါလိမ့်မယ်။

ကစားသမားရဲ့ အေးဂျင့် Roberto Calenda ကတော့ သူ့တိုက်စစ်သမားဟာ လျော့ဈေးဖြင့် အသင်း မပြောင်းဘူးလို့ ထုတ်ပြောထားသလို ကစားသမားဘက်က အသင်းပြောင်းနိုင်ဖို့ တွန်းအားပေးနေတာကြောင့် အခြေအနေက စိတ်ဝင်စားဖို့ ကောင်းနေဆဲဖြစ်ပါတယ်။

ချယ်ဆီးဘက်က ဒီအပြောင်းအရွှေ့မှာ လူကာကူ ပါဝင်လာဖို့ အားထုတ်ဖွယ်ရှိပြီး ဘယ်ဂျီယံသားဟာ လန်ဒန်ကို ပြန်လာလိုစိတ် မရှိဘဲ အသင်းပြောင်းလိုနေပါတယ်။