
ချယ်ဆီး အသင်းဟာ အက်သလက်တီကို မက်ဒရစ်မှ စပိန် လူငယ် ကြယ်ပွင့် တိုက်စစ်မှူး ဆမ်မူ အိုမိုရိုဒီယန်ကို ခေါ်ယူမယ့် အပြောင်းအရွှေ့ ပျက်သွားရပြီ လို့ သိရပါတယ်။
ကနဦးမှာ ပေါင် ၃၅သန်းနဲ့ ခေါ်ယူဖို အကြို သဘောတူညီမှု ရထားတဲ့ အက်သလက်တီကို တိုက်စစ်မှူး အိုမိုရိုဒီယန်ကို ချယ်ဆီးက ခေါ်ယူတော့မှာ မဟုတ်ဘူးလို နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုလာပါတယ်။
ဒါပေမယ့် ဒီအပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ခြင်းဟာ အက်သလက်တီကို သို့ ယူရိုသန်း ၄၀နဲ့ ပြောင်းရွှေ့တော့မယ့် ကော်နာ ဂယ်လက်ဂါ အပြောင်းအရွှေ့ အပေါ် ဘာသက်ရောက်မှုမှ ရှိမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။
အိုမိုရိုဒီယန်ကို ခေါ်ယူရေး ပျက်သွားပြီးနောက် ချယ်ဆီးဟာ ယခင်က အငှား ခေါ်ဖူးတဲ့ အက်သလက်တီကို ကစားသမား ဂျာအိုဖီးလစ်ကို ထပ်မံ ခေါ်ယူဖွယ် ရှိနေတယ်လို့လည်း သတင်းတွေ ဆက်လက် ထွက်လာနေပါတယ်။
အိုမိုရိုဒီယန် ကိစ္စရဲ့ နောက်ဆက်တွဲအနေနဲ့ ဂယ်လက်ဂါ အပြောင်းအရွှေ့၊ အဲလ်ဗာရက်ဇ်ရဲ့ အပြောင်းအရွှေ့တွေကိုပါ သက်ရောက်မှု မရှိစေဖိုအတွက် စူပါအေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်ရယ် သူ့ကစားသမား ဂျာအို ဖီးလစ်ရယ် ချယ်လ်ဆီးအသင်းရယ် လန်ဒန်မှာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာပါ။
ဂျာအို ဖီးလစ်ဟာ ချယ်ဆီးအသင်းမှာ ရာသီဝက် အငှားစာချုပ်နဲ့ လာရောက်ကစားခဲ့ဖူးပြီး အခုလည်း ဖီးလစ်ကို ချယ်ဆီး ကစားသမားအဖြစ် နောက်တစ်ကြိမ် မြင်တွေ့ရဖို နီးစပ်လာပြီလို ဆိုရပါမယ်။ လက်ရှိမှာတော့ ဒီအပြောင်းအရွှေ့အတွက် ဆွေးနွေးနေဆဲသာ ရှိနေပါတယ်။