တောင်ပံ တိုက်စစ်နေရာအတွက် ဘိုင်ယန်ကစားသမားကို ခေါ်ယူဖွယ်ရှိနေတဲ့ မန်စီးတီး

မန်ချက်စတာ စီးတီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြင်သစ် ဘယ်တောင်ပံကစားသမား ကင်စလေ ကိုးမန်းကို ခေါ်ယူသွားဖို့ စဉ်းစားနေပါတယ်။

မန်စီးတီးအသင်းက ဒီနွေမှာ ဘရာဇီးလ် ညာတောင်ပံကစားသမား ဆာဗီယို တစ်ဦးတည်းကိုသာ ခေါ်ယူထားခဲ့ပြီး အဲလ်ဗာရက်ဇ်ကို အသက်လက်တီကိုအသင်းဆီ ရောင်းချသွားရတော့မှာ ဖြစ်လို့ ဘယ်တောင်ပံရော ညာတောင်ပံရောနဲ့ နောက်ချန်တိုက်စစ်ပါ ကစားဖူးတဲ့ ကိုးမန်းကို မျက်စိကျလာခဲ့ပါတယ်။

လက်ရှိ ဘိုင်ယန်မှာ ဆာနေး ဂနာဘရီ အိုလီဆေး ကိုးမန်းဆိုပြီး တောင်ပံကစားသမားတွေ များပြားနေခြင်းအပေါ် ဘိုင်ယန်ဘက်က ကစားသမား လျှော့ချသွားချင်နေကာ ကိုးမန်းကိုလည်း အသင်းကနေ ရှင်းထုတ်သွားချင်ပါတယ်။

ကိုးမန်းရဲ့ အေးဂျင့်ဖြစ်သူကလည်း သူ့ကစားသမားကို အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူနိုင်ကြောင်း ကလပ်တွေကို ကမ်းလှမ်းမှု ပြုလုပ်ထားနေပါတယ်။

လက်ရှိမှာ မန်စီးတီးကလည်း ကိုးမန်းကို အငှားနဲ့ ခေါ်ယူသွားဖို့ စဉ်းစားနေပြီး တိုက်စစ်အရည်အသွေးမြင့်တဲ့ သူ့ကို အသင်းဆီ ခေါ်ဆောင်သွားချင်နေတာ ဖြစ်ပါတယ်။