မန်စီးတီးဟာ ကာလရှည် ပြင်ဆင်လာတဲ့ ပရော်ဂျက်တွေကနေ အကျိုးအမြတ်ကောင်းတွေ ရရှိရာက အခုဆိုရင် ပြိုင်ဘက်အသင်းတွေ လိုက်မမှီတဲ့ အနေအထားထိ ရောက်လာနေပါပြီ။
စီနီယာအသင်းအတွက် လုံးဝ မကစားရသေးတဲ့ အကယ်ဒမီက လူငယ်ကြယ်ပွင့်တွေကို ရောင်းချမှု ၁၀၀ မှာ အရေအတွက် အများဆုံးနဲ့ အကျိုးအမြတ် အများဆုံးရနေတာက မန်စီးတီးအသင်း ဖြစ်လာပါတယ်။
မန်စီးတီးဟာ လူငယ်ရောင်းချရေးကနေ ပြောင်းရွှေ့ကြေး များစွာ ရရှိနေပြီး ဒုတိယနေရာက ချယ်ဆီးအသင်း ဝင်ငွေရဲ့ ၃ ဆလောက်ကို ရရှိနေတယ်လို့ Transfer Market ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အကယ်ဒမီ ကစားသမားတွေဖြစ်တဲ့ ပက်ဒရို ပါရို၊ အာရွန်မွိုင်း၊ ဂျက်ဟာရစ်ဆန်တို့ အပါအဝင် ပထမအသင်းမှာ လုံးဝ မကစားဖူးတဲ့ အကယ်ဒမီကစားသမား ၁၁ ဦးကို ရောင်းချခြင်းကနေ စီးတီးဟာ ပြောင်းရွှေ့ကြေး ယူရို ၁၁၇.၆ သန်းထိ ရရှိထားတာပဲ ဖြစ်ပါတယ်။