
ဘွန်ဒက်လီဂါချန်ပီယံ လေဗာကူဆင်အသင်း နည်းပြ ဇာဗီ အလွန်ဆိုက ရာသီသစ်မှာ အင်္ဂလန်လိဂ်အတွင်း ပြိုင်ဆိုင်မှု ကြီးမားမယ့် ကလပ် ၃ သင်းကို ရွေးထုတ်လာပါတယ်။
အလွန်ဆိုဟာ ဒီရာသီမှာ လီဗာပူးအသင်းကို နည်းပြခွင့်အတွက် ချဉ်းကပ်ခံရပေမယ့် လေဗာကူဆင်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့သူပါ။ သူဟာ အနာဂတ်မှာ ရီးရဲလ်မက်ဒရစ် နည်းပြဖြစ်လာမယ့်သူလို့ ရေပန်းစားနေပါတယ်။
လီဗာပူးကစားသမားဟောင်းတဲ့ အလွန်ဆိုဟာ ဂွာဒီယိုလာ လက်အောက်မှာ ကစားခဲ့ဖူးသလို အာဆင်နယ် နည်းပြ အာတီတာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကောင်း ရှိသူဖြစ်ပါတယ်။
အလွန်ဆိုက ‘ အာဆင်နယ်အသင်းဟာ မနှစ်ကတင် မဟုတ်ဘဲ ပရော်ဂျက်ကောင်းတွေ ဖန်တီးနေတဲ့ အသင်းဖြစ်ပါတယ်။ အာတီတာက အသင်းကောင်းတစ်သင်းကို စုဖွဲ့မှုကောင်းကောင်းဖြင့် ဦးဆောင်နေပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ဆုဖလားကြီးကို စိန်ခေါ်မယ့်အသင်း ဖြစ်ပါတယ်။ မန်စီးတီးကလည်း ဒီပြိုင်ဆိုင်မှုမှာ ပါဝင်မှာဖြစ်ပြီး လီဗာပူးလည်း ပါဝင်လာဖို့ ရှိပါတယ် ’ လို့ သုံးသပ်ခဲ့တာဖြစ်ပါတယ်။