Breaking News: သန်း ၆ဝ တန် တိုက်စစ်မှုးသစ် ချယ်ဆီး ထပ်မံ ခေါ်ယူလိုက်ပါပြီ

ချယ်ဆီးအသင်းဟာ ဝုဗ်အသင်း တိုက်စစ်မှူး နက်တိုကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း The Athletic က အတည်ပြုပါတယ်။

ချယ်ဆီးဘက်က ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ အပြင် စွမ်းဆောင်ရည်အရ ထပ်တိုးကြေး ယူရို ၃ သန်း ပေးသွားမှာပါ။

အပြောင်းအရွှေ့ အပြီးသတ်ဖို့ မကြာခင်မှာပဲ ဆေးစစ်မှု ပြုလုပ်မှာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်သမားဟာ မနှစ်ကရာသီမှာ တံကောက်ကြော ဒဏ်ရာတွေကြောင့် ဝုဗ်အတွက် ပရီးမီးယားလိဂ်ပွဲ ၂၀ ပဲ ကစားပေးနိုင်ပြီး ကိုယ်တိုင် ၂ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၉ ကြိမ် လုပ်ပေးခဲ့ပါတယ်။

နက်တိုဟာ နည်းပြမာရက်စကာရဲ့ ချယ်ဆီးလူစာရင်းထဲ ပါဝင်သွားမှာဖြစ်ကာ လန်ဒန်ကလပ်ဟာ ဒီနွေမှာတော့ ဖူလ်ဟမ်ကနေ တိုဆင်၊ အက်စတွန်ဗီလာမှ ကယ်လီမန်း၊ ဘာစီလိုနာမှ မာ့ခ်ဂူယီ၊ ဘေလ်ဆယ်မှ ဗီဂါ၊ အတ္တလန်တာမှ ဝိုင်လေနဲ့ ဘိုကာဂျူနီယာမှ အန်ဆယ်မီနိုတို့ကိုလည်း ခေါ်ယူထားသေးတာ ဖြစ်ပါတယ်။