
ချယ်ဆီး အသင်းဟာ ဘိုကာဂျူနီယာ အသင်းရဲ့ အာဂျင်တီးနား ကြယ်ပွင့် နောက်ခံလူ အာရွန် အန်ဆယ်မီနိုကို ပေါင် ၁၆သန်း ဝန်းကျင်၊ ၇နှစ် စာချုပ်နဲ့ တရားဝင် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း ညကပဲ တရားဝင် ကြေညာသွားပါတယ်။
အသက် ၁၉နှစ် အရွယ်ရှိ အန်ဆယ်မီနိုဟာ ယခုနှစ် ရာသီကို လက်ရှိကလပ် ဘိုကာဂျူနီယာမှာပဲ အငှါး ကစားသွားမယ်လိုလည်း သိရပါတယ်။
အသင်းမှာ ရှိနေတဲ့ ကစားသမား အရေအတွက် သာမက ခေါ်ယူနေတဲ့ ကစားသမားသစ် အရေအတွက်ပါ တော်တော်လေးကို များပြားနေတဲ့ ချယ်ဆီးအသင်းဟာ အန်ဆယ်မီနို ခေါ်ယူမှုနဲ့တင် မရပ်သေးပါဘူး။
နောက်ထပ် ခေါ်ယူမှု အနေနဲ့ ဘယ်လ်ဂျီယံကလပ် ဂျန့်အသင်းရဲ့ (၁၉)နှစ်အရွယ် ဂိုးသမားလေး မိုက်ခ် ပန်ဒါစ်ကို ယူရို သန်း ၂ဝ နဲ့ ခေါ်ယူလိုက်ပြန်ပြီး ကာလရှည်စာချုပ်တစ်ရပ်လည်း ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။
ဂိုးသမားလေး ပန်ဒါစ်ကလည်း လောလောဆယ်တော့ ဂျန့်အသင်းနဲ့ပဲ အခုဘောလုံးရာသီကို ဖြတ်သန်းသွားဦးမှာဖြစ်ပြီး လာမယ့် ၂၀၂၅ ဇွန်လမှသာ ချယ်ဆီးနဲ့ စတင် ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။
ကစားသမား အရောင်း အနေနဲ့ကတော့ ချယ်ဆီးအသင်းရဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ကော်နာ ဂယ်လယ်ဂါကတော့ အက်သလက်တီကို ဆီကို ပြောင်းရွှေ့ဖိုအတွက် ဆေးစစ်မှုတွေ ပြီးစီး အောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။
အက်သလက်တီကို မက်ဒရစ်အသင်းက ဂယ်လက်ဂါကို (၅)နှစ်စာချုပ် ချုပ်ဆိုပါမယ်။