အိုဆီမန် ကို ခေါက်လိုက်ပြီး ချယ်ဆီး ခေါ်ယူလိုက်တဲ့ တိုက်စစ်မှုးသစ် အိုမိုရိုဒီယန်

ချယ်ဆီးအသင်းဟာ အသင်း တိုက်စစ်ပိုင်းအတွက် အက်သက်လက်တီကို မက်ဒရစ်အသင်းမှ လူငယ် တိုက်စစ် ကစားသမားလေး ဆမူ အိုမိုရိုဒီယန် ကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ပါတယ်။

အသက် ၂ဝ အရွယ် တိုက်စစ်သမားလေး အိုမိုရိုဒီယန် ကို ချယ်ဆီးက ပောင်းရွှေ့ကြေး ပေါင် (၃၅)သန်း နဲ့ သဘေတာူညီမှု ရခဲ့တာ ဖြစ်ကာ ၇ နှစ် သက်တမ်းရှိ ကာလရှည် စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။

အိုမိုရိုဒီယန် ကို လေဗာကူဆင် အပါအဝင် ကလပ်အသင်းများစွာက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင် ကတော့ ချယ်ဆီးကိုသာ ရွေးချယ်ခဲ့ပြီး မကြာခင်မှာပဲ ဆေးစစ်မှုတွေပါ လုပ်ဆောင်သွားတော့မယ် လို့ သိရပါတယ်။

ချယ်ဆီးအသင်းကလည်း ၎င်းတို့ရဲ့ ကာလရှည် ပစ်မှတ် နာပိုလီ အသင်း တိုက်စစ်မှူး အိုဆင်မန်ကို ခေါ်ယူရေးကနေ နောက်ဆုတ်ထားပြီ ဖြစ်ပြီး အဲဒီ အတွက် အိုမိုရိုဒီယန် ကို ခေါ်ယူလိုက်တာလည်း ဖြစ်ပါတယ်။

အိုမိုရိုဒီယန် ဟာ ချယ်ဆီး လိုချင်တဲ့ အချက်တွေနဲ့ ကိုက်ညီ ပြည့်စုံသူ ဖြစ်ပါတယ်။ အသက် ငယ်ရွယ်တဲ့ အပြင် ရွေ့လျား ကစားနိုင်ပြီး ကြံ့ခိုင်မှု ပြည့်ဝသူပါ။

ပရီးမီးယားလိဂ် ဗဟိုခံစစ်မှုးတွေနဲ့ ကောင်းကောင်း ရင်ဆိုင်နိုင်မယ့်သူ အဖြစ် အိုမိုရိုဒီယန်ကို ချယ်ဆီးက ရှုမြင်ထားပါတယ်။