
မန်စီးတီးအသင်းဟာ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ပေါင် ၈၁ သန်းနဲ့ အက်သလက်တီကို အသင်းဆီ ရောင်းချဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။
မန်စီးတီးဟာ ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၆၄ သန်း ရရှိမှာပါ။ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ် ၁၇ သန်း ထပ်မံရရှိနိုင်တာကြောင့် စုစုပေါင်း ပေါင် ၈၁ သန်းတန် အပြောင်းအရွှေ့ဖြစ်ပါတယ်။
မန်စီးတီးဟာ အာဂျင်တီးနားတိုက်စစ်မှူးကို ဆက်လက်ထိန်းထားလိုပေမဲ့ ပွဲကစားချိန် ပိုရချင်တဲ့ အယ်လ်ဗာရက်ဇ်ကြောင့် ကစားသမားဖြစ်သူရဲ့ဆန္ဒကို လိုက်လျောခဲ့တာပါ။
စီးတီးဟာ ဒီနွေစျေးကွက်မှာ လူခေါ်မကြမ်းဘဲ လူငယ်အချို့ကို နေရာပေးလာခဲ့တာပါ။ ဒါ့ပေမယ့် ကလပ်ရဲ့ အစီအစဉ်ထဲမှာ ကစားသမား အထွက်ရှိရင် အစားထိုးဖို့ရာ ပြန်ခေါ်ဖို့ စီစဉ်ထားပါတယ်။
အဲဗာရက်စ်အတွက် များပြားတဲ့ ပြောင်းရွှေ့ကြေးလည်း ရထားတာမို့ ထိပ်တန်း ကစားသမား တစ်ဦး ပြန်ခေါ်မယ်လို့ အသံထွက်နေပြီး အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက မန်စီးတီး ဘာလှုပ်ရှားမလဲ စောင့်ကြည့်မှုတွေ ရှိလာနေပြီဖြစ်ပါတယ်။