တိုက်စစ်မှုးသစ် ရခြင်း၊ မာရက်စ်ကာနဲ့ ပက်၊ အိုဆီမန်ကို လက်လျှော့တာနဲ့ နောက်ဆုံးရ ချယ်ဆီး သတင်းထူးများ

ချယ်ဆီးအသင်းဟာ ၎င်းတို့ရဲ့ ကာလရှည် ပစ်မှတ် နာပိုလီ အသင်းတိုက်စစ်မှူး အိုဆင်မန်ကို ခေါ်ယူရေးကနေ နောက်ဆုတ် သွားပါပြီ။ အဲ့ဒီ အစား အက်သလက်တီကို တိုက်စစ်မှူး Omorodion ကို ယူရို ၃၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်ပါတယ်။

ကွင်းလယ်လူ ကိုင်ဆီဒိုက မနှစ်ကနွေမှာ လီဗာပူးကို မရွေးချယ်ဖို့က အတော်လေး ခက်ခဲပေမယ့် ချယ်ဆီးနဲ့ကလည်း လပေါင်းများစွာ စကားပြောထားခဲ့တာပါလို့ ထုတ်ပြောခဲ့ပါတယ်။

ချယ်ဆီး အသင်းကွင်းလယ် ကစားသမား ဂါလေဂါ တစ်ယောက် တီကိုနဲ့ ဆေးစစ်ချက် ခံယူဖို့ လန်ဒန်မှ ထွက်ခွါလာနေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ချယ်ဆီး အသင်းဟာ ဂရာမီယို ကစားသမား ဂေဘရီရယ်မက်ကို ယူရို သန်း ၂၀ ဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရထားပါပြီ။

ဘုန်းမောက် တိုက်စစ်သမား ဆိုလန်ကီကို စပါးအပြင် ချယ်ဆီးအသင်းကလည်း စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း ပေးရမှာကို သဘောမကျဖြစ်နေပါတယ်။

ပက် ဂွာဒီယိုလာနဲ့ ပတ်သတ်ပြီး ချယ်ဆီးနည်းပြ မာရက်စ်ကာ က ” သူ (ပက်) နဲ့ ကျွန်တော့ အကြားမှာ ကွာခြားသွားတာက သူဟာ ကမ္ဘာ့ အကောင်းဆုံး မန်နေဂျာ ဖြစ်ပြီး၊ ကျွန်တော်ကတော့ တခြားသော မန်နေဂျာတွေထဲက တဦးပါပဲ။ ” လို့ ပြောဆိုခဲ့ပါတယ်။