အန္ဖီးကြင္းမွာ ေနာက္ဆံုး ယွဥ္ျပိဳင္ခဲ့တဲ့ ဝတ္ဖိုဒ့္နဲ႔ပြဲအျပီးမွာ ယာဂင္ကေလာ့ပ္က အသင္းရဲ႕ သြင္းဂိုးကို ေအာင္ပြဲမခံျခင္းနဲ႔ ယူအီးအက္ဖ္ေအရဲ႔ စိတ္ပ်က္စရာ ဆံုးျဖတ္ခ်က္ေတြအေပၚ တုန္႔ျပန္မႈ လုပ္သြားခဲ့ပါတယ္။
လီဗာပူးအတြက္ ပြဲျပီးခါနီးမွာ ဆာလက္က ဒုတိယဂိုး သြင္းယူေပမယ့္ ယာဂင္ကေလာ့ပ္မွာ မေပ်ာ္ႏုိင္ ျဖစ္ေနရတာပါ။ အေၾကာင္းကေတာ့ အဆိုပါဂိုးက ဂိုးျဖစ္လာ မျဖစ္လားဆိုတာကို VAR က စစ္ေဆးေနဆဲျဖစ္တာေၾကာင့္ပါပဲ။ အေစာတုန္းကလည္း မာေနး ေခါင္းတိုက္သြင္းခဲ့ေပမယ့္ VAR က တင္ပါးလူကၽြံတယ္ဆိုျပီး ပယ္ဖ်က္ခဲ့ေသးတာျဖစ္တယ္။
ယာဂင္ကေလာ့ပ္က ” လူကၽြံေဘာ ဟုတ္မဟုတ္ မသိႏုိင္ဘူးေလ။ သြင္းဂိုးေတြကို က်ေနာ္ ေအာင္ပြဲမခံႏုိင္ေတာ့ပါဘူး အဲ့တာက ဂိုးဟုတ္ မဟုတ္ဆိုတာကို တစ္ေယာက္ေယာက္က အသိအမွတ္ျပဳေပးတာကို က်ေနာ္တုိ႔ ေစာင့္ရဖို႔ လိုပါတယ္။ ဆာဒီယိုက လူကၽြံတယ္လို႔လည္း ေျပာတယ္။ က်ေနာ္ကေတာ့ မျမင္ခဲ့ဘူး ” လို႔ဆိုခဲ့တယ္။
ဥေရာပေဘာလံုးအဖြဲ႔ခ်ဳပ္က ခ်န္ပီယံလိဂ္ကို ၃၂ သင္း ပါဝင္ယွဥ္ျပိဳင္ေစျပီး ကလပ္ ၁၀ သင္းအား မတူညီတဲ့ ျပိဳင္ဘက္ ၁၀ သင္းနဲ႔ ထိပ္တိုက္ေတြ႔ေစတဲ့ အစီအစဥ္တစ္ခုကို ေရးဆြဲမႈလည္း လုပ္ေနပါတယ္။ ဝတ္ဖိုဒ့္ပြဲမွာ သြင္းဂိုးေတြကို ေအာင္ပြဲမခံႏုိင္ေတာ့ဘူးလို႔ ေျပာျပီးတာနဲ႔ တစ္ျပိဳင္နက္ပဲ ကေလာ့ပ္က ယူအီးအက္ဖ္ေအရဲ႕ အစီအစဥ္ေတြကို ေဝဖန္ခဲ့တယ္။
ကေလာ့ပ္က ” ဒီေန႔ ဥေရာပပြဲအေၾကာင္း သတင္းဖတ္ရတယ္။ ထိပ္တန္းအသင္းေတြက ဥေရာပပမွာ ပြဲေတြ ပိုကစားခ်င္ေနၾကတယ္တဲ့။ ဒီလို႔ အေရးမပါတဲ့ အစီအစဥ္ေတြမွာ က်ေနာ္တုိ႔ကေတာ့ မပါပါဘူး။ အစစ အရာရာအတြက္ က်ေနာ္တုိ႔ စကားေျပာႏုိင္ပါတယ္။ ဒါေပမယ့္ ပြဲေတြကို ေလ်ာ့ဖို႔ပါ တိုးဖို႔ မဟုတ္ပါဘူး။ ” လို႔ မွတ္ခ်က္ေပးခဲ့တယ္။
ယူအီးအက္ဖ္ေအကို ေဝဖန္တဲ့ ကေလာ့ပ္ရဲ႕ စကားကို သတင္းသမားေတြက ထပ္ေမးခြန္းထုတ္ဖို႔ ျပင္ဆင္ခ်ိန္မွာပဲ ကေလ့ပ္က ” က်ေနာ္တုိ႔ လုပ္ေနတာအတြက္ အေကာင္းျမင္ပါတယ္။ ဒါေပမယ့္ ရာသီရွည္ၾကီးက ခက္ခဲမွာျဖစ္ျပီး ကိုယ္ရယူႏုိင္တဲ့ ရမွတ္ေတြကို ရယူဖို႔ လိုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။
UNICODE
အန်ဖီးကွင်းမှာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ဝတ်ဖိုဒ့်နဲ့ပွဲအပြီးမှာ ယာဂင်ကလော့ပ်က အသင်းရဲ့ သွင်းဂိုးကို အောင်ပွဲမခံခြင်းနဲ့ ယူအီးအက်ဖ်အေရဲ့ စိတ်ပျက်စရာ ဆုံးဖြတ်ချက်တွေအပေါ် တုန့်ပြန်မှု လုပ်သွားခဲ့ပါတယ်။
လီဗာပူးအတွက် ပွဲပြီးခါနီးမှာ ဆာလက်က ဒုတိယဂိုး သွင်းယူပေမယ့် ယာဂင်ကလော့ပ်မှာ မပျော်နိုင် ဖြစ်နေရတာပါ။ အကြောင်းကတော့ အဆိုပါဂိုးက ဂိုးဖြစ်လာ မဖြစ်လားဆိုတာကို VAR က စစ်ဆေးနေဆဲဖြစ်တာကြောင့်ပါပဲ။ အစောတုန်းကလည်း မာနေး ခေါင်းတိုက်သွင်းခဲ့ပေမယ့် VAR က တင်ပါးလူကျွံတယ်ဆိုပြီး ပယ်ဖျက်ခဲ့သေးတာဖြစ်တယ်။
ယာဂင်ကလော့ပ်က ” လူကျွံဘော ဟုတ်မဟုတ် မသိနိုင်ဘူးလေ။ သွင်းဂိုးတွေကို ကျနော် အောင်ပွဲမခံနိုင်တော့ပါဘူး အဲ့တာက ဂိုးဟုတ် မဟုတ်ဆိုတာကို တစ်ယောက်ယောက်က အသိအမှတ်ပြုပေးတာကို ကျနော်တို့ စောင့်ရဖို့ လိုပါတယ်။ ဆာဒီယိုက လူကျွံတယ်လို့လည်း ပြောတယ်။ ကျနော်ကတော့ မမြင်ခဲ့ဘူး ” လို့ဆိုခဲ့တယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်က ချန်ပီယံလိဂ်ကို ၃၂ သင်း ပါဝင်ယှဉ်ပြိုင်စေပြီး ကလပ် ၁၀ သင်းအား မတူညီတဲ့ ပြိုင်ဘက် ၁၀ သင်းနဲ့ ထိပ်တိုက်တွေ့စေတဲ့ အစီအစဉ်တစ်ခုကို ရေးဆွဲမှုလည်း လုပ်နေပါတယ်။ ဝတ်ဖိုဒ့်ပွဲမှာ သွင်းဂိုးတွေကို အောင်ပွဲမခံနိုင်တော့ဘူးလို့ ပြောပြီးတာနဲ့ တစ်ပြိုင်နက်ပဲ ကလော့ပ်က ယူအီးအက်ဖ်အေရဲ့ အစီအစဉ်တွေကို ဝေဖန်ခဲ့တယ်။
ကလော့ပ်က ” ဒီနေ့ ဥရောပပွဲအကြောင်း သတင်းဖတ်ရတယ်။ ထိပ်တန်းအသင်းတွေက ဥရောပပမှာ ပွဲတွေ ပိုကစားချင်နေကြတယ်တဲ့။ ဒီလို့ အရေးမပါတဲ့ အစီအစဉ်တွေမှာ ကျနော်တို့ကတော့ မပါပါဘူး။ အစစ အရာရာအတွက် ကျနော်တို့ စကားပြောနိုင်ပါတယ်။ ဒါပေမယ့် ပွဲတွေကို လျော့ဖို့ပါ တိုးဖို့ မဟုတ်ပါဘူး။ ” လို့ မှတ်ချက်ပေးခဲ့တယ်။
ယူအီးအက်ဖ်အေကို ဝေဖန်တဲ့ ကလော့ပ်ရဲ့ စကားကို သတင်းသမားတွေက ထပ်မေးခွန်းထုတ်ဖို့ ပြင်ဆင်ချိန်မှာပဲ ကလေ့ပ်က ” ကျနော်တို့ လုပ်နေတာအတွက် အကောင်းမြင်ပါတယ်။ ဒါပေမယ့် ရာသီရှည်ကြီးက ခက်ခဲမှာဖြစ်ပြီး ကိုယ်ရယူနိုင်တဲ့ ရမှတ်တွေကို ရယူဖို့ လိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။